Tag
Beauty

ဖန်တုံးလေးလို ကြည်လင်တဲ့ အသားအရေ ဖြစ်အောင်

Dr.Yin Linn Thit | 2018/05/16 13:55:32

အားလုံးပဲ မင်္ဂလာပါရှင်!

ဒီနေ့တော့ မိန်းကလေးတွေ အားလုံး လိုချင်ကြတဲ့ ဖန်တုံးလေးလို ကြည်လင်တဲ့ အသားအရေ ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ပြောကြရအောင်နော်

အုန်းဆီ

- အုန်းဆီစစ်စစ်ကို နည်းနည်းနွေးအောင် အပူပေးပါ။



- သန့်စင်ထားတဲ့ မျက်နှာပေါ်ကို အစက်ချပြီး လက်ချောင်းထိပ်လေးတွေ နဲ့ ညင်သာစွာ နှိပ်နယ်ပေးပါ။



- ၃ မိနစ်လောက်ကြာပြီးနောက် မျက်နှာပေါ်မှ ပိုလျှံနေတဲ့ အုန်းဆီတွေကို နူးညံ့တဲ့ ဝါဂွမ်းလုံးလေးနဲ့ ညင်သာစွာ ဖယ်ရှားပေးပါ။



- ညအိပ်ရာဝင်ချိန်တိုင်း ပြုလုပ်ပေးခြင်းဖြင့် အုန်းဆီမှာပါဝင်တဲ့ သဘာဝ antioxidant တွေက လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေ ညစ်ထေးမှု ကို အထူးပြုပြင်ပေးပြီး အသားအရေ ကို ၂ပါတ်အတွင်း ကြည်လင်တောက်ပစေ ပါတယ်ရှင်!

ပျားရည်

- ပျားရည်စစ်စစ်အား သန့်စင်ထားတဲ့ မျက်နှာပေါ်ကို ခပ်ပါးပါး လူးပေးပါ။



- ၁၅ မိနစ်ခန့် ထားပြီးနောက် ရေကြက်သီးနွေးနှင့် ဆေးချပါ။



- ပျားရည်မှာ ပါဝင်တဲ့ vitamins, minerals နဲ့ flavonoid ဆိုတဲ့ antioxidant ဓာတ်တွေက သင့်အသားအရေကို ငယ်ရွယ်ပြီး ကြည်လင်စေတဲ့ အပြင် ချွေးပေါက်တွေကိုလည်း အထူးသန့်စင်ပေးတာမို့ နေ့တိုင်း ပြုလုပ်ပေးမယ်ဆိုရင် ၂ပါတ်အတွင်း ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်ရှင်

သံလွင်ဆီ

- သံလွင်ဆီ အနည်းငယ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ လှည့်ပတ်ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။



- ၃မိနစ် လောက်ကြာတဲ့အခါ ရေနွေးနွေးလေး စိမ်ထားတဲ့ နူးညံ့တဲ့ အဝတ်သန့်လေးနဲ့ မျက်နှာကို သန့်စင်ပေးပါ။



- အိပ်ရာမဝင်ခင် ညစဉ်ညတိုင်း လုပ်ဆောင်ပေးပါက သံလွင်ဆီ ထဲမှာ ပါဝင်တဲ့ vitamin E က အသားအရေကို တင်းရင်း နုပျိုစေပြီး အရေပြားထဲတွင် ရှိနေသော မသန့်စင်မှုများကို စုပ်ယူပေးနိုင်သောကြောင့် ကြည်လင်ပြီး သန့်စင် တင်းရင်းတဲ့ အသားအရေကို ၂ပါတ်အတွင်း ပိုင်ဆိုင်နိုင်ပါတယ်ရှင်

ချစ်ရတဲ့ ပျိုမေလေးတို့ရေ!

အစာလည်းဆေး…ဆေးလည်းအစာ ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတာမို့ အမှန်တကယ် အသားအရေ လှပချင်တယ် ဆိုရင်တော့ အထက်ပါ ဖော်ပြထားတဲ့ နည်းလမ်းတွေအပြင် ရေကို လုံလောက်စွာ သောက်သုံးပေးဖို့နဲ့ အစာအာဟာရကို ညီညွတ်မျှတအောင် စားသုံးဖို့လည်း လိုအပ်မယ်နော်

သြော်! အပြင်ကနေ ပြန်ရောက်ရောက်ချင်း တစ်နေ့တာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ဖို့နဲ့ မိတ်ကပ်လိမ်းခြယ်ရာမှာ သုံးတဲ့ make up brushes တွေကိုလည်း ပုံမှန် သန့်စင်ဆေးကြောပေးဖို့ကိုလည်း မမေ့ရဘူးနော်!



အားလုံးပဲ လှပကြည်လင်ဝင်းပတဲ့ မျက်နှာလေးတွေကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်

မေတ္တာဖြင့် Dr.ရင်လင်းသစ်

Favorite( 0
share
You can comment if you sign up from login page.