Tag
Beauty

Mask Sheet တွေနဲ့ ဘယ်လိုပေါင်းတင်ကြမလဲ?

Po Mo Htoo Aung | 2018/05/04 14:36:18

နေ့စဉ်နှင့်အမျှ လိမ်းကြံနေတဲ့မိတ်ကပ်တွေ၊ ထိတွေ့နေရတဲ့ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဟာ နေ့စဉ်မျက်နှာသစ်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ငယ်ရွယ်ပြီး လှပတဲ့အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်ပါတ်တစ်ခါ (သို့) မကြာခဏ မျက်နှာပေါင်းတင်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုဆို စနစ်ကျတဲ့မျက်နှာပေါင်းတင်ခြင်းဟာ ဘယ်လိုလဲဆိုတာ လေ့လာကြည့် လိုက်ရအောင်နော်။

Cleansing (မျက်နှာသန့်စင်ပေးခြင်း)

ရလဒ်ကောင်းရဖို့အတွက်မိတ်ကပ်၊ အညစ်အကြေးနဲ့ဖုန်မှုန့်တွေကို mask sheet မကပ်ခင် စင်ကြယ်အောင် မိမိသုံးနေကျ makeup remover (မိတ်ကပ်ဖျက်ဆေး) အသုံးပြု၍ သန့်စင်ပေးပါ။ ဒုတိယအဆင့်အနေနဲ့ မျက်နှာသစ်ဆေးအသုံးပြု၍ သန့်စင်ပေးပါ။

Steaming (ရေနွေးငွေ့ဖြင့်ပေါင်းတင်ခြင်း)

facemask မကပ်ခင် ရေနွေးငွေ့အသုံးပြု၍ မျက်နှာပေါ်မှ ချွေးပေါက်လေးတွေကိုဖွင့်ပေးပါ။ ရေနွေးငွေ့ကိုအသုံးပြု၍ ပေါင်းတင်တဲ့အခါမှာ ကြက်သီးနွေးရေကိုဇလုံတစ်ခုထဲသို့ထည့်ထားပါ။ ပြီးနောက်သင့်မျက်နှာကို ရေနွေးငွေ့ရရုံ အနေအထားလောက်ထိရေနွေးထည့်ထားသော ဇလုံနားသို့ကပ်လိုက်ပါ။ ချွေးပေါက်လေးတွေပွင့်စေဖို့အတွက် ရေနွေးငွေ့ဖြင့်ပေါင်းတင်ခြင်းကို 15-20 မိနစ်လောက် လုပ်ပေးရုံဖြင့်လုံလောက်ပါတယ်။ မျက်နှာပေါ်ကရေနွေးငွေ့လေးတွေ အလွယ်တကူမပျံသွားစေဖို့အတွက်မျက်နှာကို ပဝါစလေးတွေနဲ့အုပ်ထားဖို့လည်း မမေ့ပါနဲ့။ ရေနွေးခွက်နဲ့ အရမ်းကပ်သွားတဲ့အခါ အပူဓာတ်များပြီး အသားအရေကိုပျက်စီးစေနိုင်တဲ့အတွက်လည်း ဂရုပြုစေချင်ပါတယ်။ sensitive skin (ထိရှလွယ်တဲ့အသားအရေ) ပိုင်ရှင်တွေအနေနဲ့တော့ ရေနွေးငွေ့ဖြင့်မပေါင်းတင်မီတတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ အရင်ဆွေးနွေးတိုင်ပင်စေလိုပါတယ်။

Drying (ခြောက်သွေ့စေခြင်း)

စိုစွတ်တဲ့မျက်နှာပေါ်မှာ ဘယ်သူမှတော့ Mask Sheet တွေကိုအသုံးပြုချင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ခြောက်သွေ့တဲ့ ပဝါစကိုအသုံးပြုပြီး သုတ်ပေးခြင်းဖြင့်တစ်ဖန်ပြန်လည်ခြောက်သွေ့ပါစေ။

Mask Sheet အသုံးမပြုမီလက်ကို စင်ကြယ်အောင်ဆေးကြောပြီး ပျိုမေတို့ရဲ့ ဆံပင်ကိုလည်းဘီးကုတ် (သို့) ပဝါစအသုံးပြု၍ ချည်နှောင်ထားပါ။ အိမ်တွင်းလုပ် facemask တွေနဲ့ပေါင်းတင်တဲ့အခါ ပျိုမေတို့ရဲ့လက်ချောင်းတွေကိုအသုံးပြုပြီး လည်ပင်းမှစတင်ကာ မေးရိုးတစ်လျှောက်နဖူးအထိဆွဲ၍ လိမ်းခြယ်ပေးပါ။ ကြီးမားပြီးပြားချပ်တဲ့ brush တွေကိုအသုံးပြုပြီးတော့လည်း ပေါင်းတင်နိုင်ပါတယ်။ အသုံးပြုပြီးတဲ့အခါတိုင်း brush တွေကိုဆေးကြောဖို့လည်းမမေ့ပါနဲ့နော်။

ပေါင်းတင်တဲ့အခါမှာ နုနယ်ထိရှလွယ်သော အစိတ်အပိုင်းတွေဖြစ်တဲ့မျက်လုံးတစ်ဝိုက်နဲ့နှုတ်ခမ်းတစ်ဝိုက် ကိုရှောင်ကြဉ်ပြီးတော့ လိမ်းခြယ်ပေးပါ။

အိမ်တွင်းပေါင်းတင်ဆေးတွေကိုအသုံးပြုတဲ့အခါ ကောင်းမွန်တဲ့ရလဒ်ရရှိစေဖို့အတွက် သန့်ရှင်းလတ်ဆတ်အောင် သိမ်းဆည်း ထားပါ။ တစ်ပတ်ထက်ပို၍ ကျော်လွန်သွားတဲ့အိမ်တွင်းပေါင်းတင်ဆေးတွေဟာ မျက်နှာအသားအရေကိုပျက်စီးစေနိုင်ပြီး မလိုလားအပ်တဲ့ allergy (ယားယံခြင်း) တွေကိုဖြစ်ပေါ်စေနိုင်တဲ့အတွက် ရေခဲသေတ္တာထဲကိုထည့်ပြီးသိမ်းဆည်းတဲ့အခါမှာ တစ်ရက် (သို့) နှစ်ရက်ထက်ပိုပြီး မသိမ်းထားသင့်ဘဲတစ်ခုခုဖြင့်ဖုံးအုပ်ထားစေချင်ပါတယ်။

Facemask တွေကို မျက်နှာပေါ်ခြောက်သွေ့အောင်ထားခြင်း (သို့) သတ်မှတ်ထားတဲ့အညွှန်းအတိုင်းကပ်ထားနိုင်သော်လည်း အလွယ်တကူခြောက်သွေ့စေရန် လေမှုတ်စက်တွေကိုတော့အသုံးမပြုသင့်ပါဘူး။

သတ်မှတ်ထားတဲ့အချိန်ပြည့်လို့ facemask တွေကိုဆေးကြောတဲ့အခါမှာလည်း ရေဖြင့် စင်ကြယ်အောင်ဆေးကြောပေး သင့်ပါတယ်။ သို့မဟုတ် မိမိအသုံးပြုခဲ့တဲ့ Mask Sheet အညွှန်းမှာပါရှိတဲ့ ဖျက်ဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ တိုနာဂွမ်းလုံးတွေနဲ့ရေစိမ်ပြီးဖျက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ရွံ့စေးနဲ့ပြုလုပ်ထားတဲ့ mask တွေအတွက်တော့ အနည်းငယ်ဖျက်ရခက်ပါတယ်။

Mask တွေကိုအထက်ပါနည်းလမ်းနဲ့ဖျက်ပြီးတဲ့အခါမှာ မိမိအသုံးပြုနေကျမျက်နှာသစ်ဆေးကိုအသုံးပြုပြီး ရေအေးအေးလေးနဲ့ တစ်ခါပြန်ဆေးချပေးပါ။ ထို့နောက်တိုနာလိမ်းခြယ်ပေးပြီး moisturizing gel (အစိုဓာတ်ထိန်း gel) (သို့) cream တစ်မျိုးမျိုးကို လိမ်းပေးခြင်းဖြင့် အဆုံးသတ်နိုင်ပါပြီး။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.