Tag
Fashion

လှပသောတင်မရှိသူတို့အတွက် ဂျင်းဘောင်းဘီရွေးချယ်နည်း

Po Mo Htoo Aung | 2018/04/12 14:52:03

ယနေ့ခေတ်မှာ ခန္တာကိုယ်အလှအပနဲ့ ဖက်ရှင်အကြောင်းကိုပြောကြမယ်ဆိုရင်တော့ တင်သားလှပမှုရှိဖို့ဆိုတာကလည်း ချန်ထားခဲ့လို့မရတဲ့အရာတစ်ခုပါပဲ။ သဘာဝကလက်ဆောင်အဖြစ်ပေးထားတဲ့ ခန္တာကိုယ်ကောက်ကြောင်းမရှိတဲ့သူတွေအတွက် ကျွန်မထပ်တူခံစားကြည့်လို့ရပါတယ်။ တင်သားလှလှမရှိတဲ့အတွက် အဝတ်အစားရွေးချယ်ရတာဘယ်လောက်ခက်ခဲတယ်ဆို တာကိုလည်း ကိုယ်ချင်းစာကြည့်လို့ရပါတယ်။ သို့ပေမယ့်လည်း ဂျင်းတွေဟာဘယ်လိုခန္တာကိုယ်အချိုးအစားနဲ့မဆို ဝတ်ဆင်ရ လွယ်ကူပြီး လိုက်ဖက်နေတဲ့အတွက် တင်မရှိသူတွေအနေနဲ့ဘယ်လိုဂျင်းမျိုးကိုရွေးချယ်ဝတ်ဆင်ပြီး စတိုင်ကျကျလန်းလို့ရတယ် ဆိုတာကို ဒီဆောင်းပါးလေးကနေတစ်ဆင့်ပြောပြပေးသွားမှာဖြစ်ပါတယ်။

- ရှည်လျားပြီးဒူးခေါင်းမှစ၍ကားသွားတဲ့ဂျင်းတွေဟာ သင့်ရဲ့ခြေတံကိုပိုရှည်ပြီး သွယ်သွားတယ်လို့ ထင်ရစေတဲ့အတွက်

ခန္တာကိုယ်နောက်ပိုင်းတင်ပါးဆုံကို အာရုံစိုက်မှုလွှဲဖယ်ပြီးသားဖြစ်စေပါတယ်။

- ခါးပေါ် (သို့) ချက်ပေါ်ပိုင်းအထိဝတ်ဆင်လို့ရတဲ့ဂျင်းကျပ်တွေဟာ တင်ပါးဆုံကိုပင့်တင်ထားတဲ့အတွက် တင်သားရှိသယောင်ထင် ရပြီး ဂျင်းကျပ်ဖြစ်တဲ့အတွက်လည်းခြေတံအလှတွေကိုပေါ်လွင်လာစေပါတယ်။

- ခါးပေါ် (သို့) ချက်အပေါ်ပိုင်းထိဝတ်ဆင်လို့ရပြီး ဘဲလေးစကပ်ပုံစံအိတ်ပါးပါးနှစ်ဖက်ပါရှိတဲ့ အထက်တန်းကျကျဘောင်းဘီတွေဟာလည်း ဘောင်းဘီအိတ်တွေကြောင့်သင့်ရဲ့တင်သားကိုပို၍ဖောင်းလာစေပြီး ခါးအပေါ်ပိုင်းအထိဝတ်ဆင်လို့ရတဲ့အတွက် တင်သားပင့်တင်ပြီးသားလည်းဖြစ်နေစေပါတယ်။

- နောက်ထပ်ခါးအပေါ်ပိုင်း (သို့) ချက်အပေါ်ပိုင်းအထိဝတ်ဆင်လို့ရပြီး ခြေမျက်စိအပေါ်ပိုင်းအထိ တစ်ဖြောင့်တည်းရှိနေတဲ့ ဂျင်းဘောင်းဘီပွလေးတွေကိုဝတ်ဆင်တာကလည်း တင်သားကို အာရုံမစိုက်မိစေတော့ပဲ ခပ်လန်းလန်းအသွင်တစ်မျိုးကို ဖန်တီးနိုင် မှာပါ။ ခါးပတ်ကြီးကြီးတစ်ခုနှင့်တီရှပ်အကျပ်တို့ဖြင့်တွဲဖက်ဝတ်ဆင်ခြင်းဖြင့်လည်း အထာကျကျပုံစံတစ်မျိုးကိုရရှိနိုင်ပါသေးတယ်။

- နောက်ဆုံးအနေဖြင့်ဘောင်းဘီအနောက်ဘက်ခြမ်းတွေမှာ အိတ်ကြီးကြီးပါဝင်တဲ့ဂျင်းတွေကိုဝတ်ဆင်တာကလည်း သင့်ရဲ့တင်သားတွေကိုအိတ်ရဲ့အရွယ်အစားအတိုင်းရှိတယ်လို့ထင်ရစေပြီး တင်သားပို၍ပြည့်လာတယ်လို့လည်းခံစားရစေပါတယ်။

ဒါကြောင့်မို့ပျိုမေတို့အနေနဲ့ ဘောင်းဘီရွေးချယ်တဲ့အခါ တင်သားမြှင့်တင်ပြီးသားဖြစ်စေတဲ့ ခါးအပေါ်ပိုင်းအထိဝတ်ဆင်လို့ရတဲ့ဂျင်း (သို့) ဘောင်းဘီအနောက်ဘက်ခြမ်းနဲ့ ဘေးဘက်ခြမ်းတွေမှာအိတ်ကြီးကြီးပါရှိတဲ့ဂျင်းတွေကို အသားပေးရွေးချယ်ဝတ်ဆင်ခြင်းဖြင့် လှပတဲ့ခန္တာကိုယ်အချိုးအစားတွေကိုရရှိပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.