Tag
Fashion

နွေရာသီအတွက်ဈေးဝယ်ထွက်ဖို့ ready ဖြစ်ပြီလား?

Po Mo Htoo Aung | 2018/04/06 16:54:29

ချစ်တို့ရေ ..... စာရေးသူကတော့ရာသီအကူးအပြောင်းကာလတွေထဲမှာဈေးဝယ်ထွက်လို့အကောင်းဆုံးဖြစ်တဲ့နွေရာသီရဲ့ Shopping Items တွေကြားထဲရူးလောက်အောင်စိတ်လှုပ်ရှားနေပါပြီး။ ရာသီဥတုပူပြင်းလာတာနဲ့အမျှ ကမ်းခြေမှာ အနားယူဖို့ အကောင်းဆုံးဖြစ်တဲ့ဒီလိုနွေရာသီမှာ လန်းဆန်းတက်ကြွသစ်လွင်မှုကိုပေးစွမ်းနိုင်မယ့် ပစ္စည်းမျိုးစုံကို လိုအပ်လာတာလည်း အမှန်ဘဲမဟုတ်လားချစ်တို့ရေ .....ဒီလိုများပြားလှတဲ့ Shopping Items တွေအတွက်ေ ရွးချယ်မှုမှားယွင်းပြီးငွေကြေး အကုန် အကျမများစေဖို့ စာရေးသူကနွေရာသီဈေးဝယ်နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဖိနပ်ဝယ်ယူတဲ့အခါမှာ

ဒီလိုပူပြင်းလှတဲ့နွေရာသီမှာဖိနပ်ရွေးချယ်တော့မယ်ဆိုရင်တော့ပေါ့ပေါ့ပါးပါးနဲ့သက်တောင့်သက်သာဖြစ်ဖို့ကနံပါတ်တစ်အရေးကြီးဆုံးပါဘဲချစ်တို့ရေ။ နွေရာသီမှာခြေထောက်ကလေးတွေဟာချွေးအလွန်ထွက်တတ်တာမို့ မိမိတို့အေးချမ်းတဲ့ရာသီဥတုမှာ ဝတ်ဆင်နေကျသာမန်ဖိနပ် size ထက်အနည်းငယ်ပိုကြီးတာမျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ သားရေ၊ကင်းပတ်စနဲ့ သားရေပျော့လိုဆွဲအားရှိတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ဖိနပ်တွေကတော့ ဝယ်ပြီးရက်အနည်းငယ်စီးလိုက်တာနဲ့ ချောင်သွား တတ်တာမို့ အထူးတလည်ပြောစရာမရှိပေမယ့် plastics (ပလတ်စတစ်) နဲ့အခြားသောလက်လုပ်ဖိနပ်လေးတွေ ဝယ်ယူတဲ့ အခါမျိုးမှာတော့ အေးချမ်းတဲ့ရာသီဥတုမှာပျိုမေတို့ဝတ်ဆင်နေကျဖိနပ် size ထက်အနည်းငယ် ပိုကြီးတာမျိုးကိုရွေးချယ်သင့် ပါတယ်။

အဝတ်သားရွေးချယ်တဲ့အခါမှာ

ချစ်တို့သိပြီးသားဖြစ်တဲ့ချည်ထည်တွေကတော့ နွေရာသီမှာဝတ်ဆင်ဖို့အကောင်းဆုံးဘဲဖြစ်ပါတယ်။ ချည်ထည်တွေဟာချွေးကို အလွယ်တကူဘဲစုပ်ယူနိုင်ပြီး မြန်မြန်ဆန်ဆန်ဘဲခြောက်စေပါတယ်။ နောက်ထပ်လီနင်သားတွေဟာဆိုရင်လည်း အပူကူးပြောင်း လွယ်တဲ့အစတွေဖြစ်လို့ ဝတ်ဆင်ရတာလည်းသက်တောင့်သက်သာဖြစ်စေပါတယ်။ သဘာဝအတိုင်းရက်လုပ်ထားတဲ့ ပိုးချည်စတွေ ဟာဆိုရင်လည်းနွေရာသီနဲ့အလိုက်ဖက်ဆုံးဘဲဖြစ်ပါတယ်။

အဝတ်အစားဝယ်ယူတဲ့အခါမှာ

အပူဒဏ်ကိုကာကွယ်နိုင်မယ့်အဝတ်သားတွေကိုရွေးချယ်ပြီးတဲ့အခါမှာတော့ ပေါ့ပေါ့ပါးပါးနွေရာသီနဲ့ လိုက်ဖက်မယ့် အဝတ် အစားလေးတွေကိုကြည့်လိုက်ရအောင်နော်။ ဒီနေရာမှာကြမ်းဖျင်ထိဖျာကျမယ့်ဂါဝန်ရှည်၊စကတ်ရှည်တွေအစား mini စကတ်၊ ဘောင်းဘီရှည်တွေအစားဘောင်းဘီတို၊ အင်္ကျီရှည်တွေအစားလည်း crop ဂျက်ကင်တွေကိုအသားပေးဝယ်ယူနိုင်ပါတယ်။ နောက်ထပ်ချည်ထည် crop တီရှပ်လေးတွေကိုလည်းခါးအပေါ်ပိုငိးထိမြင့်သောဘောင်းဘီ (သို့) စကတ်များနှင့်တွဲဖက် ဝတ်ဆင်ခြင်းဖြင့်သစ်လွင်တဲ့အသွင်မျိုးကိုလည်းဖန်တီးနိုင်မှာပါ။

Cosmetics

ချစ်တို့ရေ ..... နွေရာသီအတွက် cosmetics အကြောင်းပြောကြမယ်ဆိုရင်တော့suncream (body/face) နဲ့ရေမွှေးကမပါမဖြစ်ပေါ့နော်။ Suncream ဝယ်ယူတဲ့အခါမှာ SPF ပါဝင်တဲ့မိမိနှစ်သက်ရာ Suncream တွေကို ဝယ်ယူနိုင်ပြီး ရေမွှေးဝယ်ယူတဲ့အခါမှာတော့ တချို့ရေမွှေးတွေဟာဆိုရင်ချွေးနဲ့ရောတဲ့အခါ အနံ့ပြောင်းသွားတတ်တဲ့အတွက်ဂရုပြုစေချင်ပါတယ်နော်။ ချွေးထွက်များလွန်းလှတဲ့နွေ ရာသီဟာအခြားသောရာသီတွေထက်မွမ်းမံပြင်ဆင်ရတဲ့ makeupအဆင့်တွေများ လွန်းလှတဲ့ အတွက်ပေါ့ပေါ့ပါးပါး makeup bag လေးတွေလည်းဆောင်ထားဖို့ မမေ့နဲ့ဦး နော်။ အရေးကြီးဆုံးအချက်အနေနဲ့ကတော့ဒီလို makeup bag တွေကို သယ်ဆောင်သွား တဲ့အခါမှာအပူဒဏ်ကြောင့် makeup bag အတွင်းက cosmetics လေးတွေပျက်စီးခြင်း မရှိဖို့အတွက်ပါဘဲ။ပျိုမေတို့မနက်ပိုင်းယူသွားမယ့် makeup, နှုတ်ခမ်းနီစတဲ့ cosmetics တွေကို makeup bag ထဲထည့်ပြီးရေခဲသေတ္တာအတွင်းတညတာသိမ်းထားနိုင်ပါတယ်။ ဒီလိုဆိုရင် ချစ်တို့မနက်ပိုင်းအလုပ်သွားတဲ့အခါမျိုးမှာ အပူချိန်ကြောင့် အရည်ပျော်ခြင်း မရှိတော့ဘဲ အလွန်ကောင်းမွန် အဆင်ပြေတဲ့ ရလဒ်ကိုတွေ့ရှိရမှာဘဲဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့နွေရာသီရဲ့ Item တွေဖြစ်ကြတဲ့ထီး၊ ရေဘူးနဲ့နေကာမျက်မှန်တွေကိုလည်း လိုအပ်မယ်ဆိုဝယ်ယူထားဖို့မမေ့ကြပါနဲ့ဦးနော်။

Written By Po Mo Htoo Aung

Favorite( 0
share
You can comment if you sign up from login page.