Tag
Fashion

"မိမိဗိုက်ခေါက်ထူမပေါ်အောင်ရွေးချယ်ဝတ်ဆင်ရန်ဖက်ရှင်"

Kiko | 2018/03/30 15:29:58

စာရေးသူတွေ ကိုယ်အလေးချိန်တက်လာလို့  ဗိုက်ခေါက်ထူတွေထွက်လာကြတာကိုမနှစ်မြို့ ကြတာကြုံရဖူးမှာပါ။ အဲ့လိုအခါမျိုးမှာအပြင်ထွက်ဖို့ ဖို့ ယုံကြည်မှုမရှိသူတွေအတွက်ဝတ်ဆင်လို့ ရနိုင်မယ့်ဖက်ရှင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။



ခန္ဓာကိုယ်အပေါ်ပိုင်းအတွက်မကျဉ်းမကျယ် Free Size ဘလောက်စ် နဲ့လိုင်းစင်းတွေပါတဲ့စတိုင်ဘောင်းဘီ

FreeSize ဘလောက်စ်လေးနဲ့ Style ဘောင်းဘီရှည်လေးထဲကိုဘလောက်စ်အကျီ င်္လေးထည့် ကာ ၀တ်ဆင်ပေးခြင်းက သင့်ကိုသက်တောင့်သက်သာဖြစ်စေပြီးဗိုက်ခေါက်ကိုပါဖုံးပေးနိုင်လို့ သင့်ခန္ဓာ ကိုယ်ကိုသေးသွယ်စေတဲ့ အသွင်နဲ့ သင်ဟာ ဖက်ရှင်ကျလှပနေမှာပါ။

အတွင်းကအနက်ရောင်စွပ်ကျယ်လက်ရှည်၊ အသားကပ်ဘောင်းဘီနက်လေးနဲ့ လက်ပြတ်ခါးရှည်လောင်းကုတ်

အတွင်းမှာ အနက်ရောင် လက်ရှည် စွပ်ကျယ် ကိုခံပြီး နှစ်သက်ရာအရောင် အပါးစား လက်ပြတ် လောင်းကုတ်ကိုအပေါ်ကနေ ထပ်ဝတ်ပေးလိုက်ပါ။ အနက်ရောင်စွပ်ကျယ်ကသင့်လက်မောင်းသား တွေကိုသွယ်လျစေမှာဖြစ်လို့ သင့်ဗိုက်ခေါက်ပေါ်မှာ ကိုလဲ မပူရတော့သလိုအသားကပ် ဘောင်းဘီ အနက်လေးကသင့်ခြေတံလေးကိုသွယ်လျလှပစေမှာဖြစ်ပါတယ်။ ဒီဖက်ရှင်လေးကလဲ သင့်ကို ဆယ်လီတစ်ယောက်လိုပါဖက်ရှင်ကျသွားစေမှာပါ။

ဂါဝန်လေး နဲ့ လက်ပြတ်လောင်းကုတ်အရှည်

အတွင်းမှာဂါဝန်လေးကိုဝတ်ပြီးအပေါ်ကနေလက်ပြတ်လောင်းကုတ်အရှည်အရောင်ရင့်ရင့်ကိုထပ် ၀တ်ပေးခြင်းကလဲ သင့်ဗိုက်သားကိုမပေါ်လွင်စေတဲ့အပြင်သင့်ရဲ့ ရှိရင်းစွဲအလှကိုပိုပေါ်လွင်စေပြီး စမတ်ကျလှပစေအုံးမှာပါ။

စွပ်ကျယ်အနက်နဲ့Size ကြီးရှပ်လက်ရှည်အကွက်

စွပ်ကျယ်အနက်ကိုအတွင်းက၀တ်ပြီး Size ကြီ်း ဖလံထည်ရှပ်လက်ရှည်ကိုအပေါ်ကထပ်ဝတ်ပေးလိုက်ပါ ။ ဒီလိုဝတ်ဆင် လိုက်ခြင်းကလဲ အရမ်းကိုဖက်ရှင်ကျပြီးသေးသွယ်သယောင်နဲ့ လှပတဲ့ခန္ဓာကိုယ်လေးဖြစ်စေလို့ ယုံကြည်မှုရှိရှိနဲ့ အပြင်ထွက်နိုင်ပါတယ်။

အနက်ရောင်စွပ်ကျယ်ကိုယ်ကျပ်လက်ရှည်ကိုဖလံထည်ကွက်စကတ်အရှည်လေး

အနက်ရောင်စွပ်ကျယ်ကိုယ်ကျပ်လက်ရှည်ကိုဖလံထည်ကွက်ဆကတ်အရှည်ကားကားလေးနဲ့တွဲဝတ်လိုက်ပါအုံး ။ ဖလံထည်ဆကတ်ရဲ့ ခါးပတ်ပြားလေးကသင့်ဗိုက်ခေါက်ကိုအမြင်လှစေအောင် ဖုံးကွယ်ပေးမှာဖြစ်ပြီး အနက်ရောင်စွပ်ကျယ် ကိုယ်ကျပ်လက်ရှည်လေးကတော့သင့်ခန္ဓာကိုယ်အပေါ်ပိုင်းကိုစွဲဆောင်မှုရှိရှိလှစေမှာဖြစ်လို့ ယုံကြည်စွာနဲ့ အပြင်ထွက် နိုင်ပြီပေါ့နော်။

Written By Kiko

Favorite( 0
share
You can comment if you sign up from login page.