Tag
Fashion

“၂၀၁၈ ရဲ့ ကာလာ ခရမ်းရောင်ကို ဘယ်ကာလာတွေနဲ့ ဘယ်လိုတွဲစပ်ဝတ်ဆင်မလဲ”

Ei Phoo Nge | 2018/03/21 15:40:34

နန်းဆန်ပြီး ကြီးကျယ်မြင့်မြတ်တဲ့အရောင်လို့ သတ်မှတ်ကြတဲ့ ခရမ်းရောင်ဟာ ဒီနှစ်အတွက် ဖက်ရှင် Industry က ရွေးချယ်လိုက်တဲ့ color ဖြစ်လို့နေပါတယ်။ ဒါကြောင့် ဒီနှစ် ကိုယ့်ရဲ့တင့်တယ် ကျက်သရေရှိတဲ့အသွင်ကိုဆောင်စေဖို့ ခရမ်းရောင်ကိုရွေးချယ်ဝတ်ဆင်မယ်ဆိုရင် ဘယ်လိုဝတ်ဆင်မှာလဲ၊ ဘယ် color တွေနဲ့တွဲဖက်ဝတ်ဆင်သင့်သလဲဆိုတာကို မျှဝေပါရစေ။ ပြောရမယ်ဆိုရင် ခရမ်းရောင်ဟာ အခြား color တစ်ချို့လို တစ်ရောင်တည်းဝတ်ဆင်ရင် ကြည့်မကောင်းတာမျိုး မရှိဘဲ သူ့ဘာသာတစ်ရောင်တည်းလည်း ပြီးပြည့်စုံတဲ့ကာလာတစ်ခုပါ။ ဒါပေမယ့် ခရမ်းရောင်နဲ့ လိုက်ဖက်လွန်းတဲ့ အရောင်အချို့ရှိပါတယ်။ အဲဒီအရောင်တွေနဲ့တွဲဖက်လိုက်ရင် ပိုပြီးလှပ Smart ကျသွားစေတဲ့အတွက် ဘယ်အရောင်တွေနဲ့ တွဲဖက်သင့်လဲ ကြည့်လိုက်ကြရအောင်။

လိမ္မော်ရောင်

ဒီအရောင်ကတော့ ခရမ်းရောင်နဲ့အလိုက်ဖက်ဆုံးအရောင်ရယ်လို့ လူသိများတဲ့အရောင်တစ်ခုပါ။ ခရမ်းရောင်အရင့်နဲ့ပိုပြီး ပနံသင့်တယ်လို့ဆိုပါရစေ။ လိမ္မော်တောက်တောက်ကို အ၀တ်အစားထက် ပစ္စည်းအနေနဲ့တွဲဖက်လိုက်ရင် ပိုပြီး Smart ကျစေပါတယ်။ ဥပမာ - ခရမ်းရောင်ကို အ၀တ်အစားအနေနဲ့ တစ်ရောင်တည်းဝတ်ဆင်ပြီး လက်ကိုင်အိတ် ဒါမှမဟုတ် ဖိနပ်၊ ဒါမှမဟုတ် Accessories တွေကို လိမ္မော်ရောင် သုံးလိုက်မယ်ဆိုရင်တော့ လုံးဝ perfect ဖက်ရှင်ဖြစ်စေမှာအမှန်ပါပဲ။ ဒါကြောင့် ခရမ်းရောင်ကို လိမ္မော်ရောင်နဲ့ တွဲဖက်ဝတ်ဆင်တာ ရိုးသွားပြီဆိုရင် အ၀တ်အစားထက် အသုံးအဆောင်ပစ္စည်းကို လိမ္မော်တောက်တောက်လေးသုံးပေးဖို့ ညွှန်းပေးပါရစေ။

အဖြူရောင်

ခရမ်းရောင်နဲ့ လိုက်ဖက်တဲ့အရောင်တွေထဲမှာ အဖြူရောင်ဟာ လိမ္မော်ရောင်ပြီးရင် အလိုက်ဖက်ဆုံးအရောင်ပဲဖြစ်ပါတယ်။ အဖြူရောင်ဟာ ခရမ်းအနုနဲ့ပိုမိုလိုက်ဖက်ပါတယ်။ အပေါ်ပိုင်းကို ခရမ်းနုရောင်ဝတ်လိုက်ပြီး အောက်ပိုင်းကို အဖြူရောင် ၀တ်ဆင်လိုက်မယ်ဆိုရင်တော့ တကယ့်ကို သေသပ်တဲ့ဖက်ရှင်တစ်ခုဖြစ်သွားစေမှာအမှန်ပါပဲ။ နှစ်ခုလုံးဟာ အရောင်နုတွေဖြစ်ပေမယ့် ပေါင်းစပ်လိုက်တဲ့အခါ လုံးဝ Match ဖြစ်သွားတာကို တွေ့ရမှာပါ။ ခရမ်းရောင်ဝတ်ဆင်တဲ့အခါ အဖြူရောင်ကို အ၀တ်အစားအနေနဲ့ မ၀တ်ချင်ဘူးဆိုရင်တောင် ခေါင်းစည်းတို့၊ ခါးပတ်တို့၊ မျက်မှန်တို့လို အသုံးအဆောင်ပစ္စည်း အနေနဲ့လည်း ကြည့်ကောင်းစေမှာဖြစ်ပါတယ်။

သပြေသီးမှည့်ရောင် (ဇီးရောင်)

ခရမ်းရောင်ကို အဖြူနဲ့ လိမ္မော်တို့လိုအရောင်တွေနဲ့မဟုတ်ဘဲ အခြားအရောင်နဲ့ထပ်မံတွဲဖက်ချင်ရင်တော့ သပြေသီး မှည့်ရောင်လို့ခေါ်ကြတဲ့ ဇီးရောင်လိုအရောင်မျိုးနဲ့တွဲဖက်လိုက်ပါ။ ရွေးချယ်မှုမမှားယွင်းဘူးဆိုတာ သေချာနေပါလိမ့်မယ်။

အစိမ်းနုရောင်

ခရမ်းရောင်နဲ့ နောက်ထပ်တွဲဖက်ဝတ်ဆင်နိုင်တဲ့အရောင်ကတော့ အစိမ်းနုရောင်ပါ။ ခရမ်းရောင်နဲ့ အစိမ်းနုရောင်ဟာဆိုရင် ဖက်ရှင်အတွက်တင်မကဘဲ ပန်းချီဆွဲတဲ့နေရာမျိုးတွေအပြင် အခြား ဒီဇိုင်းလုပ်တဲ့နေရာမျိုးတွေမှာ အများဆုံး လိုက်ဖက်လှတဲ့ color ပဲဖြစ်ပါတယ်။

အ၀ါရောင်

ခရမ်းရောင်နဲ့အ၀ါရောင်ဟာဆိုရင်လည်း တွဲဖက်ညီလှပါတယ်။ အ၀ါနုကို ခရမ်းရောင်နဲ့ စပ်တွဲပြီး ချုပ်လိုက်ရင်လည်း ကိုယ်ဟာ အခြားသူတွေကြား ထင်းရင်းနေစေမှာပါ။ Accessories တွေကို အ၀ါရောင်သုံးပြီး ခရမ်းရောင်အ၀တ်အစားကိုရွေးချယ်မယ် ဆိုရင်တော့ ကိုယ်ဟာ ဖက်ရှင်အမြင်ရှိသူတစ်ဦးဆိုတာ ကြည့်လိုက်တာနဲ့ သိနေစေမှာအမှန်ပါပဲ။

အပြာနုရောင်

ခရမ်းရောင်နဲ့တွဲဖက်ဖို့ နောက်ဆုံးညွှန်းပေးချင်တဲ့ color ကတော့ အပြာနုရောင် (မိုးပြာရောင်) ပါပဲ။ မိုးပြာရောင်ကို ခရမ်းနုနဲ့ တွဲဖက်ဖို့ အကြံပေးပါရစေ။ အနုအနုချင်းမို့ မလိုက်ဖက်လောက်ဘူးထင်ရပေမယ့် လုံးဝကို match ဖြစ်စေတယ်ဆိုတာ တွဲဖက် ၀တ်ဆင်လိုက်ရင် သိသွားမှာပါ။ မိုးပြာရောင်ရှပ်အင်္ကျီလိုဟာမျိုးကို ခရမ်းနုရောင်ဘောင်းဘီနဲ့ တွဲဖက်လိုက်တာမျိုးဟာ သစ်လွင် လှပတဲ့ နေ့လေးကိုပိုင်ဆိုင်သွားသလို ခံစားရစေမှာဖြစ်ပါတယ်။

Written By Ei Phoo Nge

Favorite( 0
share
You can comment if you sign up from login page.