Tag
Makeup

မိတ်ကပ်လိမ်းလို့ပျက်စီးသွားတဲ့အသားအရေကိုဒီလိုလေးပြန်ဂရုစိုက်မယ်

Htoo Htoo | 2018/04/06 17:00:18

မိတ်ကပ်လိမ်းတယ်ဆိုတာ မိန်းကလေးတိုင်းကမိမိကိုယ်ကို ယုံကြည်မှုရှိချင်လို့ တခဏတာလှပအောင်လိမ်းခြယ်ခြင်းပါ။ ဒီလိုလိမ်းခြယ်တဲ့နည်းလမ်းတွေကလည်း မျက်နှာအသားအရေကိုပျက်စီးစေပါတယ်။ တကယ်လှတဲ့ အလှစစ်ဆိုတာ မိတ်ကပ်လိမ်းခြယ်ခြင်းမဟုတ်ဘဲ ပင်ကိုမိမိ အသားအရေလေးက လှပနေခြင်းကိုဆိုလိုတာပါ။ ဒါဆို မိတ်ကပ်လိမ်းလို့ ပျက်စီးသွားတဲ့အသားအရေကိုဒီလိုနည်းလမ်းလေးတွေနဲ့ ပြန်ဂရုစိုက်ကြရအောင်နော်။

ရေများများသောက်ပါ။

အသားအရေကိုထိန်းသိမ်းနိုင်တဲ့နည်းလမ်းတွေထဲမှာ ရေများများသောက်ခြင်းကအကောင်းဆုံးပါ။ လူတစ်ယောက်က တစ်နေ့ကို အနည်းဆုံး ရေ 1250 ml ထိသောက်ဖို့လိုအပ်ပါတယ်။ ရေများများသောက်ခြင်းက အသားအရေကိုကြည်လင်စေတယ်။ ဝမ်းတွင်းရှိအပူအပုတ်များကိုကင်းစင်စေတယ်။

GYM ဆော့ပါ။

ခန္ဓာကိုယ်အလှ ထိန်းသိမ်းဖို့မလိုအပ်ရင်တောင် အသားအရေလှပဖို့အတွက် gym ဆော့ပါ။ gym ခန်းမ မှာတစ်နေ့ကိုနာရီ ဝက်လောက်ချွေးထွက်အောင် ပြေးစက်နဲ့ပြေးခြင်း, စက်ဘီးခြင်း စတာတွေပြုလုပ်ပေးပါ။ gymဆော့ရင်ချွေးထွက်အောင်ပြုလုပ်ခြင်း က အသားအရေလှပအောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေထဲကတစ်ခုပါပဲ။ ချွေးများများထွက်လေ အသားအရေလှပလေဖြစ်ပါတယ်။

မိတ်ကပ်လိမ်းပြီးတိုင်းမိတ်ကပ်ဖျက်ဖို့မမေ့ပါနဲ့။

မိန်းကလေးတိုင်းမကြာခဏမှားတက်ကြတဲ့အကျင့်တစ်ခုပါ။ တစ်ခါတစ်လေ အရမ်းပင်ပန်းလာတဲ့နေ့မျိုးဆိုမိတ်ကပ်မဖျက်ဘဲ အိပ်ယာဝင်တက်ကြပါတယ်။ တစ်ခါတစ်လေကျပြန်တော့လည်းလိမ်းထားတဲ့မိတ်ကပ်ကပါးပါးလေးမို့ဆိုပြီး မိတ်ကပ်မဖျက်တော့ပြန် ညပါဘူး။ မိတ်ကပ်မဖျက်ဘဲ အိပ်ယာမဝင်မိပါစေနဲ့။ တစ်နေကုန်လိမ်းထားတဲ့မိတ်ကပ်တွေနဲ့ အပြင်ကဖုန်နဲ့ အညစ်အကြေးတွေ ပေါင်းပြီးမျက်နှာအသားအရေကိုပိုပြီးပျက်စီးစေပါတယ်။

Skin care သေချာလုပ်ပေးပါ။

ဒီအချက်ကအရေးကြီးဆုံးပါ။ မိတ်ကပ်ပဲလိမ်းနေပြီး skin care သေချာမလုပ်ဘူးဆို အသားအရေကပိုပြီး ပျက်စီးလာဖို့ပဲ ရှိပါတယ်။ skin care ကိုအထပ်မလိမ်းနိုင်ဘူးဆိုရင်တောင် အခြေခံအချက်လေးတွေလောက်တော့လိုက်လုပ်ပေးပါ။မိတ်ကပ်မ လိမ်းခင်နဲ့ မိတ်ကပ်ဖျက်ပြီးတိုင်း toner , moisture, eye cream တို့ကိုသေချာလိမ်းပေးပါ။ မနက်ပိုင်းမိတ်ကပ်မလိမ်းခင် ဆိုရင်တော့နေပူထဲထွက်ဖြစ်မှာမို့ suncream လိမ်းပါ။ ညဘက်မိတ်ကပ်ဖျက်ပြီးဆိုရင်တော့ night cream လေးထပ်လိမ်းပေးပါ။

Written By Htoo Htoo

Favorite( 0
share
You can comment if you sign up from login page.