Tag
Fashion

“ဒေါက်မြင့်ဖိနပ်စီးတော့မယ်ဆို ဒီဖိနပ်သုံးမျိုးက ကိုယ့်အတွက် မရှိမဖြစ်လိုအပ်နေမှာပါ”

Ei Phoo Nge | 2018/03/28 11:32:35

ဖက်ရှင်ကျပြီး အလှအပကြိုက်တဲ့မိန်းကလေးတွေအတွက် ဒေါက်မြင့်ဖိနပ်တွေဟာလည်း တကယ်ကို လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတစ်မျိုးပါ။ ပေါ့ပေါ့ပါးပါးစီးနေကျဖိနပ်တွေကခွဲထွက်ပြီး ဒေါက်မြင့်ဖိနပ်လေးတွေကို မျက်စိကျနေမိပြီဆိုရင် ဒေါက်မြင့် ဖိနပ်တွေထဲက အခြေခံအားဖြင့် ဘယ်လိုဖိနပ်မျိုးတွေကို ၀ယ်စီးသင့်လဲ၊ တကယ်လိုအပ်နေမယ့် ဒေါက်မြင့်ဖိနပ်တွေက ဘယ်လိုအမျိုးအစားတွေလဲ၊ ဒါလေးတွေကို သိထားရင် ကိုယ့်အတွက် ခေါင်းခဲနေစရာမလိုတော့ပါဘူး။ ဒါကြောင့် ဒေါက်မြင့်ဖိနပ် အမျိုးအစား အများကြီးရှိတဲ့အထဲမှာမှ ဘယ်လိုဖိနပ်မျိုးကို အခြေခံအားဖြင့် ဆောင်ထားသင့်သလဲဆိုတာနဲ့ပတ်သက်ပြီး မျှဝေပေး ပါရစေ။

Black Pump

ဒေါက်မြင့်ဖိနပ်ကိုမြင်ယောင်လိုက်တာနဲ့ အမျိုးသမီးတွေရဲ့ပြယုဂ်လို့ပြောလို့ရတဲ့ အနက်ရောင်ဒေါက်မြင့် (Black Pump) ကို ညွှန်းချင်ပါတယ်။ ညဘက်၊ နေ့ဘက် အချိန်မရွေး နေရာမရွေးစီးနိုင်သလို ဘောင်းဘီနဲ့ပဲ တွဲဖက်မလား၊ လုံချည်နဲ့ပဲ တွဲဖက်မလား၊ အလုပ်ယူနီဖောင်းတွေနဲ့ပဲ တွဲဖက်ဝတ်ဆင်မလား၊ ဘယ်အ၀တ်အစားနဲ့တွဲဖက်ပြီးပဲဝတ်ဝတ် ပနံတင့်လှတဲ့ဖိနပ်ပါပဲ။ အလုပ်ထဲမှာစီးမယ်ဆိုရင်ပဲဖြစ်ဖြစ် ပါတီတက်မယ်ဆိုရင်ပဲဖြစ်ဖြစ် အရမ်းကိုအဆင်ပြေလှပါတယ်။ ခေတ်မီတဲ့ အမျိုးသမီးတစ်ဦး အသွင်ကို အလိုလိုဆောင်ကြဉ်းပေးနိုင်တဲ့ဖိနပ်ဖြစ်ပြီး Formal ကျလွန်းတဲ့အတွက် အမျိုးသမီးတိုင်း နံပါတ် (၁) မရှိမဖြစ်ဆောင်ထားရမယ့်ဖိနပ်ပါပဲ။

Neutral Nude Pump

အသားရောင်ဖျော့တော့တော့၊ ခဲရောင်နု၊ ပန်းနုရောင် စတဲ့ အရောင်နုဖိနပ်တွေကတော့ နေ့ဘက်တွေမှာ ရွေးချယ်စီးနိုင်ပါတယ်။ အဲဒီထဲမှာမှ အသားအရောင်မရွေး လိုက်ဖက်တင့်တယ်လှတဲ့ မိတ်ကပ်ရောင် ဒေါက်မြင့် (Neutral Nude Pump) ဟာဆိုရင် ကိုယ့်ကိုစမတ်ကျစေသလို ခြေထောက်တွေကိုလည်း သွယ်လျတဲ့ပုံ ပေါ်နေစေမှာ အမှန်ပါပဲ။ ပေါ့ပေါ့ပါးပါးအ၀တ်အစားတွေနဲ့လိုက်ဖက်လှပြီး ကျက်သရေရှိတဲ့ အမျိုးသမီးအသွင်ဆောင်စေမှာမို့ ဒီဖိနပ်မျိုးကလည်း ကိုယ့်ဆီမှာ မရှိမဖြစ် ရှိနေရမယ့် ဒေါက်မြင့်ဖိနပ်အမျိုးအစားတစ်ခုပါ။

Statement Heel

Night Out ထွက်ဖို့အတွက် လုံးဝအသင့်တော်ဆုံး ဒေါက်မြင့်ဖိနပ်ကိုအကြံပေးရမယ်ဆိုရင် အရောင်အသွေးစုံပြီး ခေတ်မီဆန်းပြားတဲ့ဒီဇိုင်သွင်ပြင်မျိုးစုံနဲ့ စတိုင်ကျလှတဲ့ Statement Heels တွေကို ညွှန်းပါရစေ။ စီးရတာပေါ့ပါးပြီး ကိုယ့်ကိုလန်းဆန်းတက်ကြွမှုတွေပေးစွမ်းနိုင်တဲ့ ဖိနပ်ပဲဖြစ်ပါတယ်။ ဘယ်အ၀တ်အစားနဲ့ပဲဖြစ်ဖြစ် ကိုယ့်ကို စတိုင်ကျစေတဲ့ဖိနပ်မျိုးပါ။ ဒါကြောင့်ကိုယ့်ဆီမှာ အနည်းဆုံးတော့ Statement Heel တစ်ရံရှိသင့်ပါတယ်။ ဒေါက်မြင့်စီးမယ့်မိန်းကလေးတွေအနေနဲ့ အခြေခံအားဖြင့် ဒီဖိနပ်သုံးမျိုးရှိနေရင် အတော်အတန်လုံလောက်သွားပါပြီ။

Written By Ei Phoo Nge

Favorite( 0
share
You can comment if you sign up from login page.