Tag
Fashion

အတက်လမ်းဆိုတော့ မောတာပေါ့။

Kyi Kyi | 2018/03/16 11:05:26

ဘဝမှာ အခက်ခဲဆုံးအချိန်ဆိုတာကို လူတိုင်းကြုံရတတ်ပါတယ်။ ဒီတခါတော့ နလန်မထူနိုင်တော့ပါဘူးလို့ ထင်ရလောက်တဲ့ ထိုးနှက်ချက်မျိုးတွေကိုလည်း အချိန်မရွေး ရင်ဆိုင်ရမှာပါ။ အသက်ဆက်ရှင်ချင်စိတ် ကုန်ခမ်း ရလောက်တဲ့- ခံစားမှုမျိုးကို ရရှိစေမယ့် လူတချို့နဲ့လည်း ဘဝတကွေ့မှာကြုံဆုံရတတ်ပါသေးတယ်။ ဒါမျိုးတွေ ကြုံရပြီးဆိုရင် စိတ်ဓာတ်ကျ အားငယ်စိတ်ဖြစ်ပေါ်ရင်း လောကကြီးကို အရှုံးပေးချင်တဲ့ အချိန်တွေ ကိုဖြတ်သန်း ရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်ကို ကျွန်မလည်း ရောက်ရှိဖြတ်သန်းဖူးပါတယ်။ ရောက်တာကမှ ခဏခဏကို ရောက်ဖူးခဲ့တာပါ။ ဒီအတွက် ကျွန်မ လက်ခံထားတဲ့ ရင်ဆိုင်ဖြတ်သန်းနည်းတချို့ကို ဝေငှပေးချင်ပါတယ်။

လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကျေကျေနပ်နပ် လက်ခံပါ။ နောက်တခါ ကြုံလာခဲ့ရင် အဆင်သင့်ဖြစ်နေမှာပါလို့ ကျေးဇူးတင်စိတ်မွေးလိုက်ပါ။

စိတ်ဆင်းရဲရ၊ စိတ်ညစ်ရမယ့် ခံစားချက်ကိုလည်း ရှောင်လွှဲဖို့ မကြိုးစားပါနဲ့။ ဒီခံစားချက်မျိုးကို ဒီအချိန်မှာပဲ ရရှိပြီး နောက်နှစ် ဒီအချိန်ဆို ရှိနိုင်တော့မှာ မဟုတ်လို့ပါ။

တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပြီး မှန်ကြည့်ဖို့ မမေ့ပါနဲ့။ ကျန်းမာရေးအတွက် အစားကိုလည်း မှန်မှန်စားပါ။

ဘယ်ပြသာနာမှာမဆို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေရှိနေပါတယ်။ အရေးကြီးတာက ဒါတွေကိုဖြေရှင်းနိုင်တဲ့အချိန်အထိ အသက်ရှင်သန်နေဖို့ပါပဲ။

သီချင်းနားထောင်ပါ။ လိုက်မဆိုနိုင်ရင်တောင် စိတ်နှစ်ပြီး နားထောင်လိုက်ပါ။

မနက်ဖြန်တိုင်းဟာ နေ့သစ်ဖြစ်ပြီး မနေ့ကစီးဆင်းနေတဲ့ရေဟာ ဒီနေ့စီးဆင်းနေတဲ့ ရေမဟုတ်တော့ဘူး ဆိုတဲ့ မြစ်တို့ရဲ့ သဘာဝကို လက်ခံထားပါ။ ဒီရေမှာလည်း အတက်အကျရှိတယ်။ နေမင်းဟာလည်း အထွက်ရှိသလို နေဝင်ချိန်ဆိုတာလည်း ရှိနေပါတယ်။

တောင်းပန်လို့ရမယ့် ကိစ္စကို တောင်းပန်ပါ။ ချိန်းခြောက်ရမယ့် ကိစ္စကို ရဲရဲရင့်ရင့် ချိန်းခြောက်ပါ။ ပြသာနာ ကို ရင်ဆိုင်တယ်ဆိုတာ ဒါပါပဲ။

စွန့်လွှတ်ရမယ့် ကိစ္စတွေကို စွန့်လွှတ်ပါ။

အသစ်လက်ခံရမယ့် ကိစ္စတွေကို လက်ခံလိုက်ပါ။

ကိုယ်ပိုင်ဆိုင်ထားတဲ့ အသက်ရှင်ခြင်းအပါအဝင် ရေတွက်လို့ရတဲ့ မင်္ဂလာတရားတွေကို ရေတွက်ရင်း ခွန်အားသစ် ပြန်မွေးလိုက်ပါ။

ဘဝဆိုတာ လူတိုင်းအတွက် ဖြောင့်ဖြူးနေတဲ့ လမ်းတခုမဖြစ်နိုင်ပါဘူး။ အနိမ့်အမြင့်အတက်အကျတွေ ပြည့်နေတဲ့ စိတ်ခေါ်ချက်တွေအမြဲရှိနေမှာပါ။ နိမ့်ကျတဲ့နေရာကို ရောက်နေပြီဆိုရင် အမြင့်ကိုပြန်တက်ရပါမယ်။ အမြင့်မှာ ရှိနေရင် လေပြင်းဒဏ် ခံနိုင်ရည်ရှိရပါမယ်။

တောင်တက်လမ်းကို တက်နေရတော့ မောတာပေါ့။ ဒါပေမယ့် ပြုံးနေဖို့တော့ မမေ့ပါနဲ့။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.