Tag
Fashion

ဒီနှစ်အတွင်း ခေတ်စားလာဦးမယ့် ဖက်ရှင် (၆) မျိုးက ဘာတွေများလဲ?

Ei Phoo Nge | 2018/03/16 13:31:18

နှစ်တိုင်း၊ နှစ်တိုင်း အသစ်အသစ် ဖက်ရှင်ရေစီးကြောင်းတွေနဲ့အတူ တစ်ပတ်ပြန်လှည့်လာကြတဲ့ ဖက်ရှင် တွေအပေါ်လည်း လိုက်ပါစီးမျောကြရင်း ဒီနှစ်မှာရော ဘယ်လိုဖက်ရှင်တွေက ထပ်ပြီး ခေတ်စားလာဦးမှာလဲဆိုတာ မျှဝေပေးပါရစေ။ ဖက်ရှင်နဲ့မကင်းကြတဲ့ မိန်းမထုကြီးအတွက် ခေတ်နဲ့အညီ လိုက်ပါစီးမျောနိုင်ဖို့ ဒီနှစ်ဖက်ရှင်အတွက် အသင့်ဖြစ်နေပြီလား။ ကြည့်လိုက်ရအောင်နော်။

အရောင်ရင့်ရင့်ဂျင်းဂျာကင်တွေ

ကိုယ့်ရဲ့ဟောင်းနွမ်းနေတဲ့ ဂျင်းဂျာကင်တွေထဲက အရောင်ရင့်ရင့်ဂျင်းဂျာကင်တွေကို လွှင့်မပစ်ပါနဲ့ဦး။ ဒီနှစ်အတွင်း အဲဒီဂျင်းဂျာကင်တွေကို ထပ်တစ်လဲလဲဝတ်ဆင်လိုက်ပါ။ ခုနောက်ပိုင်း ဂျင်းဘောင်းဘီတွေ ခေတ်မဟုတ်တော့ပါဘူးလို့ အများကထင်ကြေးပေးထားကြပေမယ့် ဂျင်းဂျာကင်တွေကတော့ ခေတ်တစ်ပတ်ပြန်လှည့်လာပါပြီ။ ဒီအထဲမှာမှ အရောင်ခပ်ရင့်ရင့်တွေက နေရာယူလာမှာအသေချာပါပဲ။

ပန်းဖွားပုံဖက်ရှင်

နောက်တစ်ခုကတော့ မော်ဒန်ကျတာကိုမှ ကြိုက်ပါတယ်ဆိုတဲ့ မမတို့အတွက် ခေတ်ဆန်ဆန် တက်ကြွလန်းဆန်းနေစေဖို့ ဒီနှစ်မှာ ပန်းဖွားပုံဖက်ရှင်တွေက အရေးပါလာပါလိမ့်မယ်။ ငှက်တောင်သဏ္ဍာန် ရှည်ရှည်လျားဖြာကျနေတဲ့ ဒီဇိုင်းတွေ၊ ပန်းဖွားပုံ အမျှင်တွေက အိတ်တွေ၊ စကတ်တွေ၊ အ၀တ်အစားတွေမှာ နေရာယူလာပါလိမ့်မယ်။ ချုပ်ဝတ်ရင်တောင် ဒါမျိုးလေးတွေကို အသုံးချလိုက်ပါ။

ဒူးဖုံးရုံ Pencil Skirts လေးတွေ

ဖက်ရှင်တစ်ခေတ်ပြန်ဆန်းလာမယ့်အထဲမှာ Pencil Skirts လေးတွေကိုလည်း မေ့ထားခဲ့လို့မရပါဘူး။ ဒီနှစ်ပိုင်း ဘောင်းဘီပွတွေ၊ ဘောင်းဘီတိုတွေ၊ စကတ်ကားကားတွေ ခေတ်စားလာပြီးနောက်ပိုင်း ခုဒီလို ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျနေစေမယ့် ဒူးဖုံးရုံ Pencil Skirts လေးတွေ ပြန်လာပါပြီ။ ရုံးတွင်းမှာပဲအ၀တ်များတဲ့ Pencil Skirts လေးတွေကို T-Shirt လေးတွေ၊ ဂျာကင်အထူးသားတွေနဲ့ သိပ်တွဲဝတ်လေ့မရှိကြပါဘူး။ ဒါပေမယ့် ဒီနှစ်မှာ Pencil Skirts တွေနဲ့ T-Shirt လေးတွေ၊ ဂျာကင်အထူးသားတွေကို တွဲဝတ်ကြည့်လိုက်ပါ။ ကိုယ့်ကိုလူတိုင်းငေးနေမယ်ဆိုတာ အသေချာပါပဲ။

ခရမ်းရောင်ဖက်ရှင်

မနှစ်က မော်ဒန်စိမ်းရောင်ကို ၂၀၁၇ ရဲ့ ကာလာရောင်အဖြစ် ရွေးချယ်ခဲ့ကြပြီး တောက်ပသစ်လွင်တဲ့ ဖက်ရှင်တွေခေတ်စားခဲ့သလို ခရမ်းရောင်လွှမ်းတဲ့နှစ်လို့ပြောလို့ရစေမယ့် ၂၀၁၈ မှာလည်း ခရမ်းရောင်ဖက်ရှင်ဟာလည်း မပါမဖြစ် ပါနေရမယ့် ဖက်ရှင်ကာလာတစ်ခုပါပဲ။

ခါးပတ်လွယ်အိတ်သေးလေးတွေ

ဒီအိတ်လေးတွေဟာဆိုရင် နိုင်ငံတကာမှာ၂၀၁၇ ၊ နှစ်စကတည်းက တစ်ဖွားဖွားမြင်လာရတဲ့၊ လူငယ်မိန်းကလေးတွေ အလွယ်များလာတဲ့အိတ်လေးတွေဖြစ်ပါတယ်။ အိတ်သေးသေးလေးတွေကိုမှ ကြိုးရှည်ရှည်နဲ့ ကျောသိုင်းပြီး လွယ်ကြတဲ့အပြင် ခါးမှာပတ်ပြီး ဒီဇိုင်းထွင်လွယ်လာကြတာပါ။ ဒီအိတ်လေးတွေကိုမှ ကာလာအရောင်တောက်တောက်တွေက နေရာပိုယူလာမှာဖြစ်သလို ဘေးလွယ်အိတ်ကြီးကြီးတွေ၊ လက်ကိုင်အိတ်ကြီးကြီးတွေက ခဏဘေးဖယ်ပေးနေရပါလိမ့်မယ်။

ဒေါက်မြင့်ဖိနပ်နိမ့်နိမ့်လေးတွေ

High Heels တွေကို မကြိုက်ပါဘူးဆိုတဲ့ ပျိုပျိုမေတို့အတွက် ဒီနှစ်ဟာ High Heels မကြိုက်သူတွေ အကြိုက်တွေ့မယ့်နှစ် ဖြစ်ပါတယ်။ 3.5 cm ကနေ 4.75 cm အထိပဲမြင့်တဲ့ ဒေါက်မြင့်ဖိနပ်နိမ့်နိမ့် (Kitten Heels) လေးတွေ အစီးများလာကြပါပြီ။ ဒေါက်အရမ်းမြင့်မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေစရာမလိုတော့ဘဲ Kitten Heels တွေကလည်း ကိုယ့်ကို ယုံကြည်တက်ကြွမှုတွေပေးတယ်ဆိုတာ သက်သေပြလိုက်ပါ။

Written By Ei Phoo Nge

Favorite( 0
share
You can comment if you sign up from login page.