Tag
Beauty

Eyeliner ကိုညီညီညာညာလှလှပပဆွဲနိုင်စေမယ့်အရာ(၃)ခု

Su Sande Shwe | 2018/02/01 11:25:25

ယခုခေတ်အမျိုးသမီးတွေအနေနဲ့ အပြင်သွားဖို့အလှပြင်တဲ့အခါ မျက်လုံးအလှအပအတွက် Eyelinerကမပါမဖြစ်ပြင်ဆင်ဖြစ် ကြပါတယ်။ အဲ့လိုပြင်ဆင်ကြတဲ့အခါ ကျွမ်းကျွမ်းကျင်ကျင်မဆွဲတက်တဲ့အမျိုးသမီးတွေအတွက်ဘယ်လောက်ထိအချိန်ပေးပြီး ဆွဲကြရသလဲဆိုတာအမျိုးသမီးတွေအသိဆုံးဖြစ်ကြမှာပါနော်။ Eyelinerကိုဘယ်လောက်ထိ ညီညီညာညာသေသေ သပ်သပ် ဆွဲနိုင်သလဲဆိုတာ အလှပြင်ဆင်မှုပိုင်းမှာ ကျွမ်းကျင်မှပိုင်နိုင်နိုင်တာမဟုတ်ပါဘူး။ ဘယ်လိုဆွဲလို့ရနိုင်တယ်ဆိုတဲ့နည်းလမ်း တွေသိထားရင်အဆင်ပြေဆုံးဖြစ်မှာပါ။ Eyeliner ကိုညီညာအောင်ဆွဲဖို့နည်းလမ်းတွေ၊လျှို့ဝှက်ချက်တွေအများကြီးရှိပါတယ်။ ဇွန်းနဲ့ဆွဲတာ စက္ကူတိတ်၊ ခရင်း၊လိပ်စာကဒ်စတာတွေနဲ့မျိုးစုံဆွဲကြပါတယ်။ ဒါတွေအပြင် လွယ်လွယ်ကူကူဆွဲလို့ရနိုင်သေးတဲ့ နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

BobbyPins

ယိုးဒယားဆံညှပ်လို့သိထားတဲ့ ကလစ်အမည်းလေးတွေကိုအသုံးပြုပြီး သေသပ်လှပတဲ့လိုင်နာပုံဖော်လို့ရနိုင်ပါတယ်။ ဆံညှပ် ကလစ်အမည်းရဲ့ ထိပ်အစနှစ်ဘက်အကွာအဝေးအနေအထားက မျက်လုံးလိုင်နာပုံဖော်တဲ့အခါ ဘေးဘက်ကိုအစွန်းထွက် နေတဲ့ တောင်ပံပုံစံသေသပ်ကျနတဲ့အနေအထားရရှိစေနိုင်ပါတယ်။

EyelinerStamp

အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာရောင်းနေပေမယ့် နည်းနည်းတော့ဝယ်ဖို့ခက်နေပါသေးတယ်။ အသင့်အသုံးပြုနိုင်တဲ့ ရာဘာတုံးပုံစံStampဖြစ်ပါတယ်။ဝယ်ထားမယ်ဆိုရင်တော့အချိန်ကုန်သက်သာပြီးလွယ်ကူရိုးရှင်းစွာအမြန်ဆုံးနဲ့ အညီညာဆုံး မျက်ဝန်းအလှကိုပုံဖော်နိုင်မှာဖြစ်ပါတယ်။

ဇာဂနာ(Tweezers)

မိန်းခလေးတွေအတွက် မျက်ခုံးမွှေးနှုတ်ဖို့ ဇာဂနာအသေးလေးတွေဆောင်ထားတက်ကြပါတယ်။ အဲ့ဒီ့ဇာဂနာလေးရဲ့ နောက် ဘက်အစွန်းလေးနဲ့လည်းအလွယ်တကူ အတောင်ပံလေးလုပ်လို့ရနိုင်ပါတယ်။

သဘာဝမျက်ဝန်းနက်နက်လေးလို

နောက်ထပ်နည်းလမ်းကတော့ မျက်တောင်အောက်ဘက် Water LineကိုဘဲEyelinerခပ်ပါးပါးဖြည့်ဆွဲရုံနဲ့ မျက်လူံအလှ ကိုပေါ်လွင်စေပြီး သဘာဝမျက်ဝန်းနက်နက်လေးကိုပိုင်ဆိုင်နိုင်စေပါတယ်။။Eyelinerကိုခပ်ထူထူကြီးဆွဲမိလို့ ကိုယ့်ရဲ့မျက်လုံး အလှပျောက်သွားတာမျိုးလည်းဖြစ်နိုင်လို့ပါ။ သူငယ်ချင်းတို့ရောEyelinerကိုဘယ်လိုအလွယ်ဆုံးနည်းလမ်းတွေနဲ့ဆွဲကြတယ် ဆိုတာ မဆွဲတက်ဖြစ်နေတဲ့ သူငယ်ချင်းတွေအတွက် ပြောပြပေးခဲ့ကြဦးနော်။

Written By Su Sande Shwe

Favorite( 0
share
You can comment if you sign up from login page.
4 picks

Lusleyetelp

2019/01/03 21:48:10

Cathypwy

2019/03/25 12:09:06

Danielglix

2019/06/03 01:07:56