Tag
Fashion #Su Sande Shwe #Trend  

အမျိုးသမီးများသာဖတ်ရန်

Su Sande Shwe | 2017/10/10 16:46:22

အမျိုးသမီးတွေအနေနဲ့ ခန္ဒာကိုယ်တည်ဆောက်ပုံအချိုးအစားအရ လှပသင့်တဲ့နေရာတွေကို ပြီးပြည့်စုံစွာလှပလိုကြပါတယ်။ ဒါပေမယ့်လည်း မွေးရာပါ ခန္ဒာကိုယ်အချိုးအစားအပေါ် လူတိုင်းက စိတ်ကျေနပ်မှုမရကြပါဘူး။ရှေးအစဉ်အဆက်ကတည်းက မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ခန္ဒာကိုယ်အချိုးအစားကို ရင်(၃၄) ခါး(၂၄) တင်(၃၆) ဆိုတဲ့နှုန်းတွေနဲ့သတ်မှတ်ခဲ့ကြပါ တယ်။ မိမိလိုချင်တဲ့ ခန္ဒာကိုယ်အချိုးအစားရဖို့အတွက် အားကစားပြုလုပ်ပေးတာ အစားအသောက်အနေအထိုင်နဲ့ထိန်းသိမ်း ကြတာမျိုးတွေပြုလုပ်ကြပါတယ်။အချို့ကြတော့လည်း ဒါတွေလုပ်ဖို့အချိန်မပေးနိုင်တဲ့အပြင် အတွင်းခံအ၀တ်အစားရွေးချယ် ၀တ်ဆင်တာကလည်း မှန်ကန်မှုမရှိတဲ့အတွက် ပင်ကိုယ်အလှကိုတောင် မှေးမှိန်သွားစေတက်ပါတယ်။Bra၀တ်ဆင်ကြတဲ့ အမျိုးသမီးတွေရဲ့ ၈၅ရာခိုင်နှုန်းလောက်ဟာ သူတို့ဝတ်ဆင်နေတဲ့ bra sizeကို မှားယွင်းစွာဝတ်ဆင်နေကြပါတယ်။ ၈၀ရာခိုင်နှုန်းကသူတို့ဝတ်ဆင်နေတဲ့ bra sizeမှန်ကန်ဖို့အရေးကြီးတာကိုမသိကြဘူးလို့ အမေရိကန်နိုင်ငံဆေးပညာ စစ်တမ်းတွေမှာဖော် ပြထားချက်တွေအရသိရပါတယ်။ဒါ့ကြောင့် မြန်မာအမျိုးသမီးတွေအတွက် အတွင်းခံbraကိုမှန်ကန်စွာ ရွေးချယ်ဝတ်နိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ခန္ဒာကိုယ်အချိုးအစားဘယ်လိုပုံစံရှိလဲဆိုတာသိပြီးရွေးချယ်တက်ပါစေ။

ခန္ဒာကိုယ်အချိုးအစား သေးသွယ်တာလား၊ ပြည့်ဖြိုးတာလား၊ ပုခုံးကျယ်သလား၊ အရပ်ရှည်တာလား အပြင် မိမိရဲ့ ရင်သားအခြေအနေပုံစံကို သိထားသင့်ပါတယ်။အချို့ကအရေးမကြီးဘူး တွေ့တဲ့အတွင်းခံအ၀တ်အစားဝတ်မယ်ဆိုပြီး လုပ်တက်ကြပါတယ်။ဒါမျိုးက မိမိရဲ့ခန္ဒာကိုယ်အချိုးအစားပေါ်လွင်စေဖို့ အထောက်အကူမပြုပါဘူး။ဒါ့ကြောင့် မိမိတို့ဝတ်ဆင်တဲ့ အတွင်းခံBra ရဲ့ ဆိုဒ်အတိုင်း ဘယ်လို အတွင်းခံမျိုးကိုဝတ်ဆင်ကြမလဲ။

Demi/Push up/Full Cup/Balcony/T-shirt/Sports စတဲ့အတွင်းခံတွေကပုံစံအမျိုးမျိုး ရှိကြပါတယ်။

လှပပြီးဆွဲဆောင်မှုရှိ ချင်သူတွေအတွက်ကတော့ Demi ပုံစံBraနဲ့ Push upပုံစံBraကတော့ အတော်ရေပန်းစားပါတယ်။ကမ္ဘာကျော် အနုပညာရှင် တွေရဲ့လှပပျိုမြစ်မှုကို အထင်းသားတွေနိုင်တာက သက်သေပါနော်။

လုံခြုံပြီးမြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ ပေါ်လွင်ထင် ရှားစေနေဖို့အတွက်ကတော့ Full CupပုံစံBraနဲ့ /BalconyပုံစံBraတွေကိုရွေးချယ်ပြီးဝတ်သင့်ပါတယ်။

ဆယ်ကျော်သက် အရွယ်တွေလွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာရှိရှိ ၀တ်ဆင်နိုင်ဖို့က T-shirt Braကိုဝတ်ဆင်လို့ရပါတယ်။ အားကစား လုပ်တဲ့သူတွေ အနေနဲ့ လည်း Sports Bra ကိုဝတ်ဆင်ဖို့လိုပါတယ်။

အတွင်းခံကိုပုံစံကျကျလှလှပပ၀တ်ဆင်နိုင်ဖို့က တန်ဖိုးကြီးတံဆိပ်တွေ ၀တ်ဆင်နိုင်မှမဟုတ်ပါဘူး။ ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် ပုံစံနဲ့ အရွယ်အစားကိုရွေးချယ်တက် ဖို့ကအဓိကကျတာပါ။

သတိပြုရန်; အသက်အရွယ်ငယ်ရွယ်ပြီး အပျိုဘော်ဝင်စ မိန်းမပျိုလေးတွေအနေနဲ့ ရှက်ရွံပြီး မိမိရင်သားကို ပြားကပ်နေ အောင် အတွင်းခံကိုကြပ်တည်းနေအောင်ဝတ်ဆင်တက်ကြတာဟာလုံးဝမလုပ်သင့်ပါဘူး။

Favorite( 0
share
You can comment if you sign up from login page.