Tag
Lifestyle #Kyi Kyi  #Interview 

Kyi Kyi’s House ကိုဦးဆောင် ဖွင့်လှစ်ခဲ့သူ ဒေါ်ကြည်ကြည်ဝင်းရွှေ

Kyi Kyi | 2017/09/20 14:17:41

Part 1

ဘဝအခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ အမျိုးသမီးတွေအတွက် Kyi Kyi’s House မှာအခမဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးနေတာနဲ့ပတ်သက်ပြီး ဒေါ်ကြည်ကြည်ဝင်းရွှေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အခက်အခဲရှိသူ အမျိုးသမီးတွေ စိတ်ဝင်စားရင် သွားရောက်ဆွေးနွေးနိုင်ပါတယ်လို့ သတင်းကောင်းပါးပါရစေ…

မေး- အမအမျိုးသမီးတွေအတွက် အခမဲ့ဆွေးနွေးပွဲတွေ လုပ်တယ်ပေါ့နော်။ အဲ့ဒါဘယ်လိုမျိုး အကြောင်းအရာ တွေကို ဆွေးနွေးပေးပါလဲ။

ဆွေးနွေးပွဲဆိုတာ တစ်လတစ်ခါလောက်ပေါ့နော်။ ဆွေးနွေးပွဲခေါင်းစဉ် တစ်ခုနဲ့တစ်ခုမတူဘူး။ ဘာကို highlight လုပ်လည်းဆိုရင် အမျိုးသမီးတွေကကိုယ့်ရဲ့အခွင့်အရေး ရှိသင့်တဲ့ဥပဒေနဲ့ပတ်သက်တဲ့ အခွင့်အရေး တွေကိုလည်း အမတို့ဘက်က ဆွေးနွေးပေးတယ်။ အလုပ်အကိုင်နဲ့ပတ်သက်လို့ အမျိုးသမီးတွေအနေနဲ့ အလုပ်ပြန်လုပ်ဖို့ ဘာတွေကအခက်အခဲဖြစ်လဲ ဆိုတာကိုဖြေရှင်းပေးတဲ့ ဆွေးနွေးပွဲမျိုးလုပ်ပေးတယ်။ အလုပ် လုပ်မယ်ဆို မိသားစုဘဝနဲ့ ဘယ်လိုလုပ် balance လုပ်ကြမလဲ အဲ့ဒါမျိုးတွေကို အမတို့ကဆွေးနွေးပွဲလုပ်တယ်။ ဆွေးနွေးပွဲတိုင်းက တစ်လနဲ့တစ်လ ခေါင်းစဉ်ကမတူဘူး။ ကျန်းမာရေးနဲ့ပတ်သက်တာရှိမယ်။ လူမှုရေးနဲ့ ပတ်သက်တာရှိမယ်။ ပညာရေးနဲ့ပတ်သက်တာရှိမယ်။ နောက်စိတ်ပညာနဲ့ပတ်သက်တာကိုလည်း အမတို့က စိတ်ရောဂါဆရာဝန်ကြီးတွေ ခေါ်ပြီးတော့လည်း ဆွေးနွေးပွဲတွေလုပ်တယ်။ တစ်ဦးချင်းနှစ်သိမ့်ဆွေးနွေးတာဆို ဖုန်းဆက်ပြီး စာရင်းပေးလိုက်တယ်။ အမက ရက်ပြန်ရွေးပြီးတော့ တစ်ဦးချင်းတွေ့တယ်။ အဲ့ဒါကျတော့ အများနဲ့ မဟုတ်ဘူး ကိုယ့်ရဲ့ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာပေါ့နော်

မေး- လာဆွေးနွေးတဲ့သူတွေကို ဘယ်လိုအကြောင်းအရာမျိုးတွေ လာဆွေးနွေးတာများလဲ။

ယဉ်ကျေးမှုသတ်မှတ်ထားတဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အမလေ့လာနေတယ်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရတယ်။ ဘယ်လိုအကြမ်းဖက်ခံရလဲဆိုတော့ မိသားစုအတွင်းမှာပဲ အမျိုးသမီးမို့လို့ ပိုပြီးအနှိမ်ခံ ရပါတယ်။ ဘာမှခေါင်းစဉ်မရှိဘဲနဲ့ဆိုတော့ အမတို့ဒါကို အဖြေရှာတယ်။ ဒါနဲ့ပတ်သက်ပြီးဆွေးနွေးတယ်။ ဘာဖြစ်လို့ အမျိုးသမီးကိုပဲ နှိမ်ခံရတာလဲ။ ဘာဖြစ်လို့အကြမ်းဖက်ခံရတာလဲ။ အကြမ်းဖက်တယ်ဆိုတာ ကိုယ့်ကို ဒုတ်နဲ့ရိုက် သွေးထွက်မှ အကြမ်းဖက်တာမဟုတ်ဘူး။ ကိုယ့်ရဲ့စိတ်ကို တစ်နေ့တစ်နေ့ သတ်နေတာ လည်း အကြမ်းဖက်ခံနေရတာပဲ။ မမြင်ရတဲ့ အကြမ်းဖက်ခံနေရတဲ့ ကိုယ့်ရဲ့စိတ်ကိုထိခိုက်စေတဲ့ အကြမ်းဖက် ခံရတာ အများဆုံးတွေ့ရတယ်။ သူတို့က လာဆွေးနွေးတဲ့အခါကျတော့ နှစ်သိမ့်ဆွေးနွေးပွဲမှာ ဒါမျိုးတွေကို တွေ့ရတဲ့အတွက် အမတို့ကဆွေးနွေးပွဲ တကယ်လုပ်တဲ့အခါဒါတွေကို ဖော်ထုတ်တာပေါ့နော်။ စိတ်ဒဏ်ရာ ဘယ်လိုဖြစ်တာလဲ။ ဒါကိုဖြေရှင်းဖို့နည်းလမ်း မရှိဘူးလား။ ဒါကိုအဖြေရှာကြတာပေါ့။ ဒါကဘာဖြစ်လို့လဲ ဘာတွေက အမတို့ကို ကန့်သတ်ထားတာလဲ သားသမီးလား၊ ကိုယ့်ခင်ပွန်းလား ဒါမှမဟုတ်ရင် ပတ်ဝန်းကျင် လား ဘယ်အရာတွေကို ကန့်သတ်ဖြစ်နေတာလဲဆိုပြီး ဆွေးနွေးတယ်။

မေး- မြန်မာအမျိုးသမီးတွေက တခြားနိုင်ငံကအမျိုးသမီးတွေနဲ့ယှဉ်ရင် ဘာတွေအားနည်းချက် အားသာချက် တွေရှိလဲ။

မြန်မာအမျိုးသမီးတွေက တခြားနိုင်ငံက အမျိုးသမီးတွေနဲ့ အတူတူပဲ။ တစ်ခုပဲရှိတယ်။ အမတို့ကယဉ်ကျေးမှုနဲ့ ကန့်သတ်ထားတဲ့စံနှုန်းတွေပဲ အဲ့စံနှုန်းတွေက အမတို့အတွက် အနှောင့်အယှက်ဖြစ်လာဆိုတော့ ၁၀၀ရာခိုင်နှုန်း တော့မဟုတ်ဘူး တစ်ချို့အပိုင်းလေးတွေကို အနှောင့်အယှက်ဖြစ်စေတယ်။ အမတို့ကို တခြားအမျိုးသမီးတွေနဲ့ မတူဘူးပေါ့နော်။ မြန်မာအမျိုးသမီးတွေ သပ်သပ်ကို ကန့်သတ်ထားတာကို ခံစားရတယ်။ အဲ့ဒါမျိုး အရှေ့တောင် အာရှနိုင်ငံတွေနဲ့ယှဉ်ရင်ရော အရမ်းကြီးကန့်သတ်ခံနေရတာလားဆိုရင် အဲ့ဒါကလည်း အမတွေ့တယ်။ အမက နိုင်ငံတော်တော်များများကို သွားတယ်ဆိုတော့ အမဘာတွေလည်းဆိုတော့ အမတို့ကိုယ်တိုင်ကိုက အမျိုးသမီး တွေကိုယ်တိုင်ကိုက အရှေ့ကိုမထွက်ချင်ဘူး။ အဲ့လိုမျိုး ကန့်သတ်ခံနေရပါလားဆိုတာကို မသိဘူး။ နဂိုနေရာ မှာပဲနေတယ်။

အဲ့လိုမျိုးဖြစ်လာတော့ Negative တွေပဲဖြစ်လာတယ်။ positive နည်းလမ်းကို စဉ်းစားလို့ မရတော့ဘူး။ အမျိုးသမီးစံနှုန်းကျလာတဲ့အခါ တိုင်းပြည်ကအလိုလိုရင်း ဘက်စုံကကျလာတယ်လို့ အမကတော့ ထင်တယ်။ အမတို့ရဲ့ ငယ်ငယ်လေးတည်းကိုက မိန်းကလေးဆိုရင်ရှက်ရမယ်ပေါ့။ ဒါပေမယ့်အရှက်မရှိဘဲနေရ မယ်လို့တော့ မဆိုလိုဘူး။ ရှက်သင့်တဲ့နေရာမှာ ရှက်ရမယ်။ မရှက်သင့်တဲ့နေရာမှာ မရှက်ရဘူး။ အလုပ်လုပ်ဖို့ မရှက်ရဘူး။

မေး- မြန်မာအမျိုးသမီးတွေက အရင်တုန်းက အိမ်ထောင်ကျပြီးရင် အလုပ်တွေဆက်မလုပ်ကြတာများတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး အမဘယ်လိုထင်လဲ။

အမတို့က ဘာဖြစ်လို့အလုပ်မလုပ်တော့တာလဲဆိုပြီးတော့ ခုလိုဆွေးနွေးပွဲလေးမှာ အဖြေရှာကြတယ်။ ဘာဖြစ်လို့ မလုပ်တော့တာလဲဆိုတော့ နံပါတ်တစ်ကတော့ ကလေးမွေးလိုက်တော့ ကလေးပဲထိန်းလိုက်တဲ့အခါ ကျတော့ အလုပ်လုပ်ဖို့ အချိန်မရှိဘူး။ ကလေးကိုပဲထိန်းရတယ်။ အလုပ်လုပ်ရမယ်ဆိုတော့ ကလေးကိုဘယ်သူ ကြည့်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်က ပေါ်လာရော အဲ့ဒါကြောင့် ကလေးတစ်ဖက်နဲ့ ဘယ်လိုအလုပ် လုပ်ကြမလဲ ဆိုတာကို အမတို့ကအဖြေရှာကြတယ်။ အမဆိုလည်း ကလေးနှစ်ယောက်အမေပဲ ဒါပေမယ့်အမလည်း အလုပ် လုပ်တာပဲ။ ကလေးတစ်ဖက်နဲ့ အလုပ်လုပ်တဲ့သူတွေက ဘာလို့အလုပ်လုပ်နိုင်တာလဲ။ အဲ့လိုလုပ်တဲ့အတွက် ဘာအားနည်းချက် အားသာချက်ရှိလဲ အဲ့ဒါကိုအမတို့က အဓိကထားပြီးအဖြေရှာတယ်။

မေး- အမတို့အဖြေရှာတော့ လုပ်သင့်တယ်လို့ထင်လား။ မလုပ်သင့်ဘူးလို့ထင်လား။

အလုပ်ကတော့ လုပ်ကိုလုပ်ရမယ်။ အမျိုးသမီးတစ်ယောက်က အိမ်ထောင်ကျပြီးလို့ အလုပ်ကထွက်လိုက်တယ် ဆိုတာလုံးဝမဖြစ်သင့်ဘူး။ အနည်းဆုံးသူကသူရဲ့ကိုယ်ပိုင်အလုပ် အမျိုးသားရဲ့အလုပ်ကို လုပ်လိုက်တဲ့အတွက် သူများဆီမှာထွက်လိုက်ရတာက တစ်မျိုးပေါ့။ ဒါပေမယ့်အဲ့ဒါကို လုပ်တယ်ဆိုတာလည်း တကယ်အလုပ်လုပ်တဲ့ ပုံစံနဲ့လုပ်ရမှာ..ငါ့ချွေးမမို့လို့ အော်တိုမစ်တစ် ငါ့ရဲ့အလုပ်သမားဆိုတာ မဟုတ်ဘူး။ သူရဲ့ဒီအလုပ် လုပ်တဲ့ အတွက် သူရဲ့ရပိုင်ခွင့်ရှိရမယ်။ ကလေးလည်းမွေးရမယ်။ အလုပ်လည်းလုပ်ရမယ်။ ကလေးမွေးလိုက်တဲ့ စိန်ခေါ်ချက် အသစ်ကြောင့် အလုပ်ကထွက်ပြီးတော့ မှီခိုပြီးနေရတယ်ဆိုတာမဖြစ်ရဘူး။ အဲ့ဒီအတွက်လည်း အမတို့ဘက်က အလုပ်ရှာဖို့အပိုင်းတွေ အဓိက အဲ့လိုဖြစ်သွားတဲ့အခါ စိတ်ဓါတ်တွေကျသွားတာပေါ့ ငါလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကလေးအမေဆိုတာ ဘာမှမလုပ်နိုင်တော့ဘူးလို့ပဲ ထင်သွားတာပေါ့။

မေး- အိမ်ထောင်ပြုမယ် ဆိုရင် အချစ်နဲ့ငွေကြေး ဘယ်အရာက အရေးကြီးတယ်လို့ထင်လဲ။

နှစ်ခုစလုံးအရေးကြီးပါတယ်။ ငွေကြီးပဲလည်း ကြည့်လို့မရဘူး။ အချစ်ကြီးပဲလည်း ကြည့်လို့မရဘူး။ အိမ်ထောင် ပြုတဲ့အခါ ဘယ်လိုလူမျိုးကို ရွေးချယ်မလဲလို့ သူတို့မေးကြတဲ့အခါ အမကတော့ ကိုယ်ကြိုက်တဲ့သူကိုပဲ ရွေးချယ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့သူကို ယူပြီးတဲ့အတွက် ကိုယ်ကမှီခိုဘဝကို မရောက်စေနဲ့။ ကိုယ့်ရဲ့ဝင်ငွေကိုလည်း မထိခိုက်စေနဲ့ပေါ့နော်။

မေး- မိန်းမတစ်ယောက်အတွက် အလှပြင်ဆင်ချိန်ကရော အရေးပါတယ်ထင်လား။

ပါတယ်လို့ထင်တယ်။ မိန်းကလေးဆိုတာ မွေးကတည်းကအလှကြိုက်တာလေ။ အဲ့ဒီစိတ်က မွေးရာပါစိတ်ပဲ။ မလှချင်ဘူးဆိုတဲ့ မိန်းကလေးက စိတ်တစ်ခုထိခိုက်နေတာ ပုံမှန်ကမိန်းကလေးဆိုတာ အလှအပမှာ စိတ်ဝင်စား ရမယ်။ ပြီးတော့သေတဲ့အထိလည်း လှချင်နေတဲ့စိတ်ကိုရှိရမယ်။ ကလေးအမေမို့လို့ ပြင်စရာမလိုဘူးဆိုတာ မှားနေတယ်။

Address- 1117/41, Bo Min Yaung Street, Yangon

Favorite( 0
share
You can comment if you sign up from login page.