Tag
Lifestyle #Tyron Bejay  #Interview #Model #Actor 

Tyron Bejay Interview

First Class | 2017/07/03 18:08:35

[pink]အာဖရိကန်လူမျိုးတွေပေးလေ့ပေးထရှိတဲ့ Tyron ဆိုတဲ့စကားလုံးဟာ ခွန်အားကြီးသူဉာဏ်ပညာကြီးမားသူ နေနဲ့လရဲ့သားတော်အဖြစ်မွေးဖွားလာသူ စတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ကိုကြိုက်တဲ့အတွက် မိဘ Bejayမျိုးရိုးနာမည်ကို ဆက်ခံပြီး Tyron Bejay ဆိုတဲ့နာမည်နဲ့ အနုပညာ လောက ထဲဝင်ရောက်လာဖြစ်တယ်လို့ မော်ဒယ်နဲ့သရုပ်ဆောင် Tyron Bejay တဖြစ်လဲ ၀င်းပြည့်အောင်ကပြောပါတယ်။ မူကြိုကျောင်းကပွဲ၊ မူလတန်း အလယ်တန်း ကျောင်းကပွဲတွေမှာ မပါမဖြစ် ပါဝင်သူ အနုပညာ ၀ါသနာကြီးခဲ့သူ ဖြစ်တဲ့ Tyron Bejay တစ်ယောက် သူချစ်တဲ့ အနုပညာလောကမှာဘယ်လိုအခက်အခဲတွေကြားကနေ ကြိုးစားလျှောက်လှမ်းနေတယ် ဆိုတာကို ပြောပြထားပါတယ်[/pink]

ကျွန်တော်က အနုပညာလောကမျိုးရိုးမရှိဘူး အကျွမ်းတ၀င်မရှိဘူး နယ်ကလည်းဖြစ်တယ် ရန်ကုန်တောင်မှ အရင်က ဆယ်ခေါက်ပြည့်အောင်မရောက်ဖူးတဲ့ အခြေအနေမျိုး အခက်အခဲတွေတော့ ရှိတာပေါ့။ အနုပညာနဲ့ပတ်သတ်လာရင် ပြောပြပေးမယ့်သူလည်းမရှိဘူး ဘယ်လိုစလေ့လာလဲဆိုတော့ ကျွန်တော်က စာအုပ်ဖတ်တယ် မဂ္ဂဇင်းတွေဖတ်တယ် ဒီမဂ္ဂဇင်းတွေထဲက မော်ဒယ်တွေကို လေ့လာတယ်။ အနုပညာအကြောင်းတွေကို အဆက်အသွယ်မပြတ်အောင် အိမ်ကနေဘဲ ထိုင်လေ့လာနေရတာပေါ့ အဲ့ဒီ့အချိန်မှာ အရမ်းဖြစ်ချင်ခဲ့တယ်။နောက်ရန်ကုန်ကိုပြောင်းလာတော့ မော်ဒယ်စမလုပ်သေးဘူး ကျွန်တော့ရပ်တည်မှုအတွက်အိမ်က သင်္ဘောလိုက်စေချင်တယ် ကျွန်တော် သဘောင်္လိုက်ဖို့လုပ်နေရင်းနဲ့ အမနှစ်ယောက်က ကျွန်တော့ကိုစိတ်မချဘူး ၀ါသနာပါတယ်ဆိုရင် မော်ဒယ်ပြိုင်ပွဲလေး ၀င်ပြိုင်ကြည့်ပါလား ဆိုပြီး အဲ့ဒီ့ကနေစပြီး စလုပ်ဖြစ်တယ်။ အစမှာအိမ်ကပံ့ပိုးပေးတာလည်းမရှိဘူး ဒီအလုပ်ကိုလက်မခံခဲ့ဘူး နောက်ပိုင်းမှသာ လက်ခံသွားတာ။

[pink]မော်ဒယ်ရှိုးပွဲတွေနဲ့Misterပြိုင်ပွဲအနည်းအကျဉ်းကိုသာဝင်ပြိုင်လေ့ရှိတဲ့သူ့အတွက် ဆုနဲ့ လွဲချော်ခဲ့တာတွေကို လည်း စိတ်ပျက်အားငယ်ခြင်းမရှိခဲ့ဘူး။ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေထဲ ဘ၀မှာအမှတ်တရအဖြစ် Mister အောင်သမာဓိ ဆုဖြစ်ပြီး ပထမဆုံး အကြိမ်ရရှိတဲ့ဖြစ်သလို နောက်ဆုံးအကြိမ်ဝင်ပြိုင်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ မော်ဒယ်တစ်ယောက်နဲ့Misterတစ်ယောက်ရဲ့ရပ်တည်မှုကိုတူညီမှာဟုတ်ဘူးလို့ခံယူ ထားသလို ကိုယ့်ကိုယ်ကိုယ် အရှိကိုယ်အရှိအတိုင်းလက်ခံထားပြီး မဖြစ်နိုင်တာကို အတင်းမလုပ်ယူတက်ဘူး လို့Tyron ကပြောပါတယ်။[/pink]

ကျွန်တော့အရပ်မမြင့်ဘူး ခန္ဓာကိုယ်မကြီးဘူး အဲ့ဒီ့အတွက်ဒီမှာ Mister ပြိုင်ပွဲဝင်ပြိုင်ခဲ့လို့ ဆုရခဲ့သည်ရှိ သော် တခြားနိုင်ငံကိုသွားပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အရှက်ကွဲမခံချင်ဘူး။အဲ့တာကြောင့် ကျွန်တော်လျှောက်ချင်တဲ့ပုံစံက ကျွန်တော်မော်ဒယ်တစ်ယောက်လုပ်မယ် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်အောင်ကျွန်တော်ကြိုးစားမယ် အဲ့လိုဘဲဆက်လျှောက်လှမ်းဖြစ်မယ်

[pink]နိုင်ငံခြားမော်ဒယ်သရုပ်ဆောင်တွေကိုစံနှုန်းသတ်မှတ်ချက်တွေနဲ့ အားကျကြမယ့်အစား ကိုယ်ပိုင်စတိုင်မျိုးရှိဖို့ကိုလည်းသူကအကြံပြုထားပါတယ်။[/pink]

နိုင်ငံခြားမော်ဒယ်/သရုပ်ဆောင်တွေက အရပ်ရှည်တယ် ကိုယ်တွေက မြန်မာလူမျိုးလေ သူတို့ပုံစံကို လိုက်တုနေလို့ ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။ ကိုယ်ကမြန်မာဘဲ မြန်မာစတိုင် ရှိလည်းဘာဖြစ်လည်း ကိုယ့်စတိုင်ပေါက်အောင်လုပ်ယူရမှာ တခြားအရာတွေကိုအရမ်းကြီးတုပနေရာမလိုဘူးလို့ထင်ပါတယ်။ အဖေအမေကမြန်မာလေ ဘယ်လိုလုပ် နိုင်ငံခြားရုပ်ကြီးပေါက်အောင် လုပ်ယူလို့ရမလဲ

[pink]နယ်မှာနေစဉ်ကတည်းက သူဝတ်ဆင်ခဲ့တဲ့ အ၀တ်အစားဖက်ရှင်ဒီဇိုင်းတွေက သူငယ်ချင်းအပေါင်းအသင်းတွေ ကြားမှာကန့်လန့်ဖြစ်ခဲ့ရတာမျိုး အများအမြင်မှာ ဒီကောင်ဘာတွေဝတ်စားထားတာလဲ ဆိုတဲ့အမြင်တွေကြုံတွေ့ ခဲ့ရတဲ့အတွက် နောက်ပိုင်းမှာ သိပ်ထူးဆန်းတာတွေမ၀တ်ဆင်ဖြစ်တော့ဘူးလို့ Tyron ကပြောပါတယ်။[/pink]

နောက်ပိုင်းကျွန်တော် ထွေထွေထူးသိပ်မ၀တ်ဖြစ်တော့ဘဲနဲ့ အရောင် သုံးရောင်အပေါ်မှာဘဲ အခြေခံပြီး ကျွန်တော်ဝတ်တယ် အဖြူရောင်၊အမဲရောင်နဲ့ခဲရောင်တွေပါ။ နောက်တစ်ခုက Fashion ပိုင်းကိုသူများထက် အရမ်းကြီး ထူးနေအောင်လုပ်တဲ့အခါကျတော့လည်း ထသွားထလာပုံစံဆိုအဆင်မပြေဘူး နောက်ပိုင်း ကျွန်တော်က ထသွားထလာပုံစံမျိုးကိုမှ ပွဲတက်လို့ ရနိုင်တဲ့ပုံစံမျိုးဖြစ်အောင် ပြင်လိုက်တာဘဲရှိတယ်။ နောက်တစ်ခုက ကျွန်တော့ရဲ့ Tattoo ကြောင့် ကျွန်တော့လွတ်လပ်မှု ကျွန်တော့ Fashionကို ခံစားလို့ရတယ်။ တီရှပ်တစ်ထည်ဝတ်ထားလည်း ကျွန်တော်ပြည့်စုံတယ်လို့ခံစားရတယ် ဒီအရုပ်တွေကြောင့်။ဒါကြောင့် ဒီTattooတွေရေးတာကလည်း ကျွန်တော့ Fashion လို့ခံစားပြီးရေးတာပါ။

[pink]Tyron Bejayအနေနဲ့ ကုမ္ပဏီတစ်ခုနဲ့စာချုပ်ချုပ်ထားပြီး ဂျူလိုင်လမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ထွက်လာတော့မယ်လို့လည်း သိရပါတယ်။လက်ရှိမှာ ကြေငြာတွေ ရိုက်ကူးနေရ သလို ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးနေတဲ့ တစ်ခါက ရန်ကုန်မြို့ပြ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ လူမင်း၊မိုးဟေကိုတို့နဲ့အတူ အဓိကဇာတ်ဆောင်တစ်နေရာကနေပါဝင်သရုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ သရုပ်ဆောင်ခြင်း အနုပညာကို လေ့လာလိုက်စားသလို နိုင်ငံခြားက အားကျအတုယူရတဲ့ သရုပ်ဆောင်တွေအတိုင်း ဇာတ်ဆောင် သရုပ်ဝင်အောင်အတက်နိုင်ဆုံးကြိုးစားနေတယ်လို့ပြောပါတယ်။[/pink]

ကျွန်တော်ကိုယ်ခန္ဓာအတွက် Gym ပုံမှန်ကစားတယ်။ ဒါပေမယ့် ကျွန်တော်သရုပ်ဆောင်ရမှာက ဆေးစွဲနေတဲ့ဇာတ်ကောင်ဖြစ်နေတယ် ဒီ့အတွက် ကျွန်တော် ၀ိတ်ချလိုက်တယ် ကိုယ်ခန္ဒာအလှကိုမတွက်ဘဲ ဇာတ်ရုပ်ပီပြင်နိုင်ဖို့အတွက်ပါ ကျွန်တော် အရမ်းကြိုက်တဲ့နိုင်ငံခြားက သရုပ်ဆောင်တွေကိုလေ့လာတယ် အတုယူတယ် ရုပ်ကို အဓိကမထားဘဲနဲ့ ဇာတ်ကားထဲက မောင်ဖြူဆိုရင် မောင်ဖြူ ဇာတ်ရုပ်မျိုး ၀င်အောင်လုပ်ချင်တယ် ဒါ့ကြောင့် Gymကစားတာကိုနားလိုက်တယ်။ဒီဇာတ်ကားပြီး ရင်တော့ ပြန်ကစားဖြစ်မှာပါ။

[pink]သူကချစ်တက်သူတစ်ယောက်ဖြစ်ပေမယ့် အအိပ်မက်သူလည်း ဖြစ်တယ်..နေ့လယ်ဆယ့်နှစ်နာရီ မကျော်မချင်း ချစ်လို့ရမှာမဟုတ်ဘူး….အရမ်းချစ်တဲ့ချစ်သူကတောင် သူ့ကိုစိတ်မရှည်နိုင်မှာစိုးတဲ့အတွက် အချစ်ရေးကို မစဉ်း စားသေးပါဘူး…. လူငယ်တစ်ယောက်အနေနဲ့ စိတ်ကစားတာတွေတော့ရှိတတ်ပါတယ်လို့ လက်ရှိအချစ်ရေး အခြေနေကို Tyronကရှင်းပြခဲ့ပါတယ်။[/pink]

အခုအချိန်မှာ ကျွန်တော်အလုပ်ကြိုးစားနေပါတယ်။ ဒီ့အတွက်လည်း အချစ်ရေးကို စိတ်ထဲမှာ ထည့်မထားသေးဘူး။ လူငယ်တစ်ယောက်အနေနဲ့ စိတ်ကစားတာတွေတော့ရှိတာပေါ့ ဒါပေမယ့် ဦးနှောက်နဲ့ပြန် ပြီးစဉ်းစားထိန်းချုပ်တာပေါ့ အချစ်ဆိုတဲ့အရာကြီးခေါင်းထဲဝင်လာရင် အလုပ်လုပ်ရတာအဆင်မပြေဘူး နေရထိုင်ရတာလည်းအဆင်မပြေဘူး သူ့ကိုလည်းကိုယ်စိတ်မချ ကိုယ့်ကိုယ်လည်းသူစိတ်မချနဲ့ ခေတ်ကြီးကလည်းသိတဲ့အတိုင်းဘဲလေ..ခုချိန်မှာကတော့ Single နေတာဘဲကောင်းပါတယ်..အချိန်တန်ရင်တော့ လူ့သဘောသဘာဝအတိုင်း လက်ထပ်တာအိမ်ထောင်ပြုတာကတော့ရှိမှာဘဲ အခုချိန်မှာကတော့ကျွန်တော့ခေါင်းထဲမထည့်ထားသေးဘူး

[pink]မိန်းခလေးတစ်ယောက်ဖြစ်ရတာအရမ်းပင်ပန်းတယ်လို့ Tyronက သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်…မျက်ခုံးမွှေးဆွဲတာ နှုတ်ခမ်းနီဆိုးတာ မျက်နှာမိတ်ကပ်ပြင်ဆင်မှု ပုံစံတွေက နည်းပေါင်းများစွာ ရှိနေတာကို Youtube ကြည့်ရင်း မိန်းခလေးတွေ ဒီနည်းလမ်းပေါင်းများစွာကိုဘယ်လိုဆက်စပ်ပြင်ဆင်ကြလဲ ဆိုတာကို စဉ်းစားမိတယ်လို့ ဆိုပါတယ်။[/pink]

အခုခေတ်မှာက မိန်းခလေးတစ်ယောက် လှတယ် မလှဘူးက သူပြင်ဆင်တက်ခြင်း အပေါ်မှာဘဲမူ တည်တော့တယ် နောက်ပိုင်း Sugery ပိုင်းတွေလည်းပါလာတာပေါ့

[pink]Tyron အနေနဲ့ ကရောဘယ်လိုမိန်းခလေးမျိုးဆိုရင်သဘောကျလဲ ဆိုတဲ့ မေးခွန်းအပေါ် သူဖြေသွားပုံက လူငယ်ဆန်ဆန် သဘာဝကျကျလေးပါ ..သူ့ရဲ့ ပရိတ်သတ်တွေအတွက် ဟာသပုံစံ ပေါ့ပေါ့ပါးပါးလေး ဖြေပေးသွားပေမယ့် လက်တွေ့ကျတဲ့ရွေးချယ်မှုမျိုးလို့ ပြောရမယ်ဆိုရင်လည်းမမှားပါဘူး[/pink]

ကျွန်တော်ကတော့ အရမ်းပြင်တဲ့ မိန်းခလေးထက်စာရင် ပြေပြေပြစ်ပြစ်ပေါ့နော် မပြင်တဲ့မိန်းခလေး လည်းမဟုတ်ပါဘူး… လှတာမက်ရင်ညစာခက်မယ်ဆိုတဲ့စကားပုံရှိတယ်..ဒါပေမယ့် ကျွန်တော်က ညစာ အငတ်ခံလိုက်မယ်သူလှလှပပပြင်ဆင်ပြီးအပြင်ထွက်တစ်ခုခုသွားစားလိုက်မယ် ..အဲ့လိုမျိုးပေါ့…ကျွန်တော်ချစ်တဲ့မိန်းခလေးကို အမြဲမြဲလှလှပပနဲ့ပဲတွေ့ချင်တယ် ..မီးဖိုချောင်ထဲမှာဘဲအချိန်ကုန်နေတဲ့သူမျိုးမဖြစ်စေချင်ဘူး ဒါ့ကြောင့် အလှပလဲ စိတ်ဝင်စားရမယ်ကြိုက်ရမယ် အဲ့အပေါ်မှာအရမ်းကြီးလွန်ကဲတဲ့ မိန်းခလေးမျိုးမဟုတ်ဘဲနဲ့ တီရှပ်နဲ့ဂျင်းဘောင်ဘီ ဖိနပ်အဖြူလေးပေါ့ အဲ့လိုရိုးရိုးရှင်းရှင်းလေး ဆံပင်ဆိုလည်း အမည်း ဒါမှမဟုတ် ကာလာအရမ်းကြီးမတောက်တာမျိုးကို သဘောကျတယ် Sexy အရမ်းဖြစ်တဲ့ မိန်းခလေးမျိုးဆို ကျွန်တော် သဘောမကျဘူး

သဘောကျလည်း ခဏဘဲ ကျွန်တော်ကြိုက်တာက ရိုးရိုးရှင်းရှင်း မိန်းခလေးပုံစံမျိုးကို ပိုသဘောကျတယ် ဒါကတော့ကျွန်တော့စိတ်ထဲမှာသဘောကျတဲ့ပုံစံကိုပြောတာပါ ဘယ်လို မိန်းခလေးမျိုးနဲ့ ဖူးစာပါမလဲဆိုတာကတော့ မသိနိုင်ဘူးပေါ့နော်… နင်တအား ချေးများတယ်ဘယ်လိုမျိုးနဲ့တွေ့မလဲမသိဘူးဆိုပြီး အမေကတော့ပြောတယ်…ကျွန်တော်ဖြစ်ချင်တာကတော့ရိုးရှင်းပြီးအေးချမ်းတဲ့သူမျိုးဆိုသဘောကျတယ်

[pink]အမျိုးသမီးတွေယနေ့ခေတ်မှာ ခေတ်စားလာကြတဲ့ Tattoo ထိုးခြင်းအနုပညာအပေါ်ကိုလည်း Tyron တစ်ယောက် တစ်ဖက်ပိတ်အမြင်နဲ့မတွေးဘူးလို့လည်း ဆိုပြန်ပါတယ်။[/pink]

ကိုယ့်အရေးပြားပေါ်မှာကိုယ်ထိုးတာလေ ထိုးချင်တာကြီးကိုမထိုးဘဲ အတင်းကြီးထိန်းချုပ်ထားတယ် စတစ်ကာတွေကပ်တယ် အဲ့တာမျိုးကိုမကြိုက်ဘူး ကိုယ့်ခန္ဒာကိုယ် ကိုယ်ပိုင်တယ် သူများကိုလည်းအနှာင့် အယှက်ပေးတာမျိုးမရှိဘူး ကိုယ်ကြိုက်လို့ ကိုယ်ထိုးတယ် ဆုံးဖြတ်ချက်ကိုလုံးဝပြင်ဆင်ခြင်းမရှိဘူးပေါ့နော် အဲ့လိုမျိုးထိုးတဲ့မိန်းခလေးတွေကျတော့ ဆုံးဖြတ်ချက်ပိုပြီးခိုင်မာတယ်လို့ထင်တယ်။ အရမ်းကြီးအလွန်အကျွံ မဖြစ်ရင်ပေါ့ အလွန်အကျွံကြီးထိုးထားတဲ့ မိန်းခလေးတစ်ယောက်ဆိုရင်တော့ ဒီနိုင်ငံအတိုင်းအတာနဲ့က မျက်စိ စပါးမွှေးစူးစရာတော့ဖြစ်မှာပေါ့….ဒါပေမယ့်ကျွန်တော်ကတော့ကြိုက်တယ်…သူ့ဆုံးဖြတ်ချက်နဲ့သူလေ ..ဒီခန္ဓာကိုယ်မှာ Tattoo ထိုးထားလို့ သူ့စိတ်ကိုပြောင်းလဲသွားခြင်းမရှိဘူး သူတို့ကြိုက်တယ်လုပ်တယ်ပေါ့ အကျင့်စာရိတ္တမပျက်စီးရင်ပြီးတာဘဲလေ…

[pink]ခေတ်ကာလအနေအထားတွေအရယောကျာ်းတွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်ကိုင်နေတဲ့အမျိုးသမီးတွေကို သဘောကျပြီး အမျိုးသမီးတစ်ယောက်ရဲ့ ဥာဏ်ရည်ကအမျိုးသားတွေထက်မနိမ့်ဘူးလို့ သူ့ရဲ့အမြင်ကိုလှစ်ဟ ခဲ့ပါသေးတယ်။ယောကျာ်းတွေနဲ့ရင်ဘောင်တန်းအလုပ်လုပ်တာ နဲ့ ယောကျာ်းတွေနဲ့ ရောထွေးတာ အဲ့နှစ်မျိုးကတော့မတူနိုင်ဘူးလို့လည်းပြောခဲ့ပါသေးတယ်။[/pink]

မိန်းခလေးတွေက အိမ်ထောင်ပြုပြီးရင် မီးဖိုချောင်အလုပ် အိမ်ထောင်မှုကိစ္စတွေနဲ့ဘဲအချိန်ကုန်ခံရမယ် ဆိုတဲ့အတွေးအခေါ်မျိုးက မဖြစ်သင့်တော့ဘူး တစ်ခြားနိုင်ငံတွေမှာဆိုရင် မိသားစုတစ်စုရပ်တည်ဖို့ဆိုရင် ယောကျာ်းရော မိန်းမပါအလုပ်လုပ်ကြတယ် နှစ်ယောက်အတူတူကြိုးစားတော့ ပိုစုမိဆောင်းမိဖြစ်တာပေါ့ နှစ်ယောက်အတူကြိုးစားတော့ သူကကိုယ့်ထက် ဥာဏ်ပိုကောင်းရင်လည်းကောင်းမယ်လေ ကိုယ့်ဦးနှောက်တစ်ခုထဲနဲ့အလုပ်လုပ်တာထက် ကိုယ်ချစ်တဲ့သူရဲ့ဦးနှောက်နဲ့ပေါင်းပြီး ကြိုးစားရင် ပိုအောင်မြင်နိုင်တာပေါ့ အိမ်ထဲမှာနေပြီး ယောကျာ်းပြန်လာတာကိုစိတ်ပူပြီးစောင့်နေရမယ့် သမာရိုးကျ မိန်းခလေးမျိုး မဖြစ်ရင်တော့ပိုကောင်းတာပေါ့ ။ယောကျာ်းတွေနဲ့ရင်ဘောင်တန်းတာနဲ့ ရောထွေးတာနဲ့မတူ ဘူးပေါ့နော် ကျွန်တော်ကတော့ အပြင်မှာအလုပ်လုပ်ပြီး တက်တက်ကြွကြွ နေတက်တဲ့ မိန်းခလေးမျိုးကိုပိုသဘောကျပါတယ်။

[pink]ငယ်စဉ်ကတည်းက အမေရဲ့ချစ်ခြင်းကို အပြည့်အ၀ခံခဲ့ရပြီး မိသားစုနဲ့အမတွေကြားမှာလည်း အလိုလိုက် ခံခဲ့ရတဲ့အတွက် ဆိုးခဲ့ဖူးတယ်….အဲ့လိုဆိုးခဲ့ဖူးတဲ့အတွက်လည်းနောင်တရမိတယ် ကျွန်တော့မိဘနဲ့ ကျွန်တော့ အမတွေကို ကျေးဇူးလည်းတင်သလို အရမ်းလည်းချစ်ရပါတယ်လို့ သူ့ရဲ့နွေးထွေးတဲ့မိသားစု အကြောင်းကိုပြော ပြပေးခဲ့ပါတယ်။[/pink]

အမေကလည်းကျွန်တော်ကို့ချစ်တယ် ကျွန်တော်လုပ်ချင်တာမှန်သမျှ အကုန်လိုက်လုပ်ပေးတယ် အဖေကတော့နဲနဲဟန့်တာပေါ့ အမတွေကြားမှာလည်း ကျွန်တော်ဆိုးခဲ့တယ် အဲ့ဒီ့အတွက် ကျွန်တော် အခုချိန်မှာနောင်တရတယ် အမနှစ်ယောက်က ကျွန်တော်ဖြစ်ချင်တာမှန်သမျှ ပံ့ပိုးခဲ့လို့ ဒီနေရာကိုရောက်လာ တာပေါ့နော် အဲ့ဒီ့အတွက်လည်းကျွန်တော့မိသားစုကိုအများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော့အမေက ကျွန်တော်တို့ကိုစည်းကမ်းလေးတစ်ခုလုပ်ထားတယ် ဘယ်လောက်ဘဲ အပြင်မှာအလုပ်များ နေပါစေ မိသားစုထမင်းဝိုင်းမှာ လူစုံစားဖို့ပါ။ကျွန်တော်တို့မိသားစုမှာ အိမ်ထောင်ကျသွားတဲ့ အမနှစ်ယောက်ရော ယောက်ဖတွေနဲ့ရော အားလုံး အဖေ အမေတို့နဲ့ နွေးနွေးထွေးထွေး ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုလေးပါ။

[pink]လူတစ်ယောက်ရဲ့ ၀ါသနာက တစ်နေရာထဲမှာဘဲမဟုတ်ပါဘူး ဒီလိုပါဘဲ Tyron ကအနုပညာအလုပ်တွေအပြင် နောက်ထပ်ဝါသနာပါတာကတော့ ကားနဲ့ပတ်သတ်သမျှကို ၀ါသနာပါတယ်လို့ဆိုပါတယ်။ အနုပညာအလုပ် အပြင် ရေရှည်ရပ်တည်မှုတစ်ခုအတွက်ကားနဲ့ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ချင်တဲ့စိတ်ရှိတယ်လို့ လည်းပြောပါတယ်။[/pink]

ကျွန်တော် ကားနဲ့ပတ်သတ်တာတွေလည်းဝါသနာပါတယ် ။ လေ့လာတယ်။ ကားရေဆေး ဆီထိုး ကားအဲကွန်း ၀ပ်ရှော့ပေါ့ ကားနဲ့ပတ်သတ်တာတွေပေါ့လုပ်ချင်တယ် ဆိုင်ဖွင့်ချင်တယ်။ အခုလည်း ကား အရောင်းအ၀ယ်လေးတွေ ကျွန်တော်နိုင်သလောက်လုပ်ဖြစ်တယ်။ စီးပွားရေးလုပ်လို့ အနုပညာအလုပ်လည်း မလျှော့စေရဘူး ကျွန်တော့် အနုပညာအလုပ်တွေ ပရိတ်သတ်ကအားမပေးတော့ဘူး ဆိုရင်တောင် အနုပညာလောကထဲမှာရပ်တည်နိုင်မယ့်အလုပ်တစ်ခုကတော့ ကျွန်တော်လုပ်ဖြစ်နေဦးမှာဘဲ။ အနုပညာနဲ့ ပတ်သတ်ပြီးတော့လည်း ထုတ်လုပ်ရေးဘဲဖြစ်ဖြစ် အေဂျင်စီဘဲဖြစ်ဖြစ်လည်းလုပ်သွားမယ် တစ်ဘက်က ကျွန်တော်ဝါသနာပါတဲ့ ကားနဲ့ပတ်သတ်တဲ့အလုပ်တွေလည်းလုပ်သွားမယ်။

[pink]အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အတွက် ထိန်းသိမ်းရတဲ့အထဲ အသားအရည်ကောင်းမွန်ဖို့အတွက်လည်းနဲ့ ကိုယ်ခန္ဒာအချိုးစား ကျနမှုတွေကလည်း မပါမဖြစ် ပါဝင်နေပြန်ပါတယ်။ Tyron အနေနဲ့ မတည့်တဲ့အလှကုန်ပစ္စည်းတစ်မျိုးကြောင့် အသားရေထိခိုက်ခဲ့ရပြီးနောက်မှ နောင်တရခဲ့ရဖူးတယ်လို့ သူရဲ့အတွေ့အကြုံကိုပြောပြပါတယ်။ အလှကုန်ပစ္စည်းတစ်မျိုးအနေနဲ့ သူများနဲ့ တည့်နေပေမယ့် ကိုယ့်အသား အရည်နဲ့တည့်မတည့်က လေ့လာဆန်းစစ်တင်ဖို့လည်းလိုသေးတယ်… ကိုယ်မလေ့လာဘဲသုံးမိတဲ့အတွက် အသားရည်နဲ့အဆင်မပြေဖြစ်ခဲ့ရတာလို့ဆိုပါတယ်။[/pink]

Cosmetic တွေသုံးမယ်ဆိုရင် ကျွန်တော်အကြံပေးချင်တာက Cosmeticမှာပါတဲ့ အညွှန်းတွေကို သေချာ ဖတ်ပါ ကိုယ့်မျက်နှာနဲ့မတည့်တဲ့ဟာတွေရှိတယ် Cosmeticတစ်ခု ကောင်းတိုင်း နာမည်ကြီးတိုင်းလည်း ကိုယ့် အတွက်မကောင်းရင်မသုံးစေချင်ဘူး ဖြစ်လာရင်လည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသသင့်တယ်။ ကျွန်တော် လည်းကိုယ်တိုင်ခံစားခဲ့ရတယ် တော်တော်များများလည်းဒီလိုပြသနာတွေဖြစ်နေတာဆိုတော့ အဲ့လိုတွေမဖြစ်စေချင်ဘူး….အခုနောက်ပိုင်းကတော့Night Creamကောင်းကောင်းသုံးဖြစ်တယ် အရင်က သုံးရမှာအရမ်းပျင်းတယ် ရိုက်ကွင်းမှာ မိတ်ကပ်တွေတအားလူးတဲ့အခါ အိမ်ပြန်ရောက်လို့ ဘယ်လောက်ဘဲ နောက်ကျနောက်ကျ Cleansingကောင်းကောင်းလုပ်တယ် Tonerသုံးတယ် Night Creamကောင်းကောင်း လိမ်းပြီးအိပ်လိုက်တယ်…နောက်တစ်ခုက ကျွန်တော် သံလွင်ဆီလူးအိပ်ဖြစ်တယ် သံလွင်ဆီက အသား ဖြူတာတော့မဟုတ်ဘူးပေါ့နော်

အသားရည်ကြည်တယ် အသားရည်စိုပြေတယ် အခုနောက်ပိုင်းကတော့သံလွင် ဆီတစ်ကိုယ်လုံးလူးပြီးအိပ်ဖြစ်တယ် သံလွင်ဆီကတော့တခြားဟာတွေထက်စာရင် ဆေးဘက်အ၀င်ဆုံးနဲ့ အကောင်းဆုံးပါဘဲ။ရေလည်းများများသောက်တယ် အဲ့ဒီ့နည်းတွေနဲ့ ကျွန်တော်အသားရည်ထိန်းသိမ်းဖြစ်တယ်။ အားကစားအတွက်တော့ မြရိပ်ညိုက Real One မှာ Gym ကစားပါတယ်။ အဲ့ဒီ့မှာကစားရတာ စိတ်လည်း ပျော်ရွှင်တယ် Trainer တွေအားလုံးကနွေးနွေးထွေးထွေးရှိတယ် ဂရုစိုက်တယ် အားလုံးနဲ့ချစ်ချစ်ခင်ခင်ပါဘဲ ကျွန်တော့်ရဲ့ ဒုတိယအိမ်လို့ တောင်ပြောလို့ရပါတယ်။Gym ကစားရတာကျွန်တော်ပျော်တယ်……

Photo- Ko Thu Taw Lwin

Location- Shan Yoe Yar

Address - Level 2, Sule Square, Sule Pagoda Road, Pabedan Township

Phone No- 09 258 77 7070, 09 978 77 7070

Opening Hours - 10:00 AM - 9:00 PM

Favorite( 0
share
You can comment if you sign up from login page.