Tag
Makeup #Myo Myint Zu Win #Fashion #Hairstyle #Makeup #Water Festival #Golden Shower 

Myo Myint Zu Win Water Festival Style

Myo Myint Zu Win | 2017/05/04 21:27:36

Before

After

မေး- အရင်ဆုံးမိတ်ကပ် Artist နဲ့မပြင်ခင်မှာ ညီမလေးဘယ်လိုခံစားရလဲ။

မိတ်ကပ်မပြင်ခင်က မျက်နှာကအပြစ်အနာအဆာရှိတော့ ကိုယ့်ကိုယ်ကိုမလှဘူးလို့ ခံစားရတယ်။

မေး- ညီမလေးအနေနဲ့ ပြင်နေတဲ့အချိန်မှာ ဘယ်အစိတ်အပိုင်းကို အကြိုက်ဆုံးလဲ။

ညီမက နှာခေါင်းလည်းကြိုက်တယ် နှုတ်ခမ်းလိုက်ကြိုက်တယ် မျက်လုံးလည်းကြိုက်တယ် အကုန်လုံးကြိုက်တယ်။

မေး- အားလုံးပြင်ပြီးသွားတဲ့အခါမှာရော ဘယ်လိုခံစားရလဲ။

မပြင်ရသေးတုန်းကတော့ မလှဘူး။ပြင်ပြီးသွားတဲ့အခါကျတော့ ခပ်မိုက်မိုက်နဲ့ လှတယ်လို့ခံစားရပါတယ်။

First Class မော်ဒယ်Myo Myint Zu Winကို Makeup Artist Graceကသူမရဲ့မိတ်ကပ်ဖန်တီးမှုနှင့် သင်္ကြန်တွင်းမိတ်ကပ်ဒီဇိုင်းကိုလိမ်းပေးခဲ့ပါတယ်။

Makeup Artist Graceရဲ့commentလေးကိုဖတ်ကြည့်ပါအုံးနော်။

ဒီညီမလေးကကျတော့ နှာခေါင်းလေးတွေ မျက်လုံးလေးတွေကလှတယ်ပေါ့နော် cute ဖြစ်ပြီးသား သူဝတ်လာတဲ့အင်္ကျီ ကခပ်ကြမ်းကြမ်းလေး rocker ပုံစံလေးဝတ်လာတာဆိုတော့ မျက်လုံးကိုလဲ smokey eye တောက်တောက်လေးခြယ် ပေးထားတယ် နှုတ်ခမ်းနီကိုလည်း တောက်တောက်လေး ဆိုးပေးထားတယ် မျက်နှာနဲ့လိုက်မယ့် ပါးနီတွေလုပ်ထားပေး တယ် သူ့မျက်နှာက cute ဖြစ်တယ်အဲ့ဒါကို cute ဘက်မသွားဘဲနဲ့ ခပ်ကြမ်းကြမ်းလေးပြင်ထားပေးတယ် sexy ပုံစံပေါ့။

ဆံပင်ကကျတော့ အစ်မစဉ်းစားတယ်ပေါ့ သူ့ဆံပင်ကဂုတ်ဝဲလောက်ရှိတယ်ဆိုတော့ ကျစ်ဆံမြီးမကျစ်တော့ဘူးပေါ့နော် သူ့မျက်နှာကို ဘိုမနဲ့တူအောင် တစ်ခေါင်းလုံးကို အကြေဖွချေလိုက်လိုက်တယ်။


Photo- Ko Thu Taw Lwin

MUA- Grace





Favorite( 0
share
You can comment if you sign up from login page.